နှောင်ကြိုး (Part - 16)

2K 162 10
                                    

(Unicode)

တစ်ပတ်....။ တစ်ပတ်မျှသော အချိန်နဲ့တင် ၅နှစ်ကျော်တဲ့ ချစ်ခြင်းတရားတို့ကို ခြူးတစ်ယောက် သင်ပုန်းချေပစ်လိုက်ချေပြီ။ အဲ့သလို စိတ်ပြတ်သားခဲ့အောင်လည်း အကြောင်းရင်းက အဆင်သင့်ရှိနေခဲ့တာမလား..?။ ဒါ့ကြောင့် သူပြောခဲ့တဲ့ စကားလုံးတိုင်းအတွက် မခံချင်စိတ်နဲ့အတူ နိုးထခဲ့လိုက်သည်။ အသုံးမကျတဲ့ လူတစ်ယောက်လိုမျိုး အိပ်ယာထဲ လဲမနေချင်တော့။ အခုတော့ သူ့ကိုမခံချင်စိတ်နဲ့ပဲ အရာအားလုံးကို လွှတ်ချနိုင်လိုက်တဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ် လွတ်လပ်သွားသလို ခံစားလိုက်ရသည်။ တစ်ပတ်တာအချိန်ကာလက လွယ်လွယ်ကူကူနဲ့ ကုန်ဆုံးသွားခဲ့တာတော့ မဟုတ်။ အကယ်၍ ဖြူ့ကို မုန်းသွားတာလား..? မုန်းသွားပြီလားလို့ မေးလာခဲ့ရင်တော့.. 'ဟင့်အင်း ကျွန်တော် သူ့ကိုမမုန်းပါဘူး.. မုန်းလို့လည်း မရနိုင်ဘူး.. နားကျည်းသွားမိရုံလေးတင်ပါ..'
🔰🔰🔰

"ခြူး.. နင် ဒီနေ့ ကျောင်းပြန်တတ်တဲ့ ပထမဆုံးရက်ဆိုတော့ ဂုဏ်ပြုတဲ့အနေနဲ့ နင့်ရဲ့နေ့လယ်စာကို ငါတာဝန်ယူတယ်ဟာ.."

"အမယ်.. အမယ်..
နေ့လယ်စာနဲ့ သူငယ်ချင်းကို ဂုဏ်ပြုလိုက်တယ်ပေါ့.."

"ဟုတ်တယ်လေဟာ.. အရင်ရက်တွေက နင် ကျောင်းမတက်တော့ ငါ့မှာ အသွားပြန် တစ်ယောက်ထဲ ပျင်းလွန်းလို့ သေတော့မယ်.. အခု နင့်ဒဏ်ရာလေးလဲ သက်သာလာပြီဆိုတော့ ငါလည်းနားမပူရတော့လို့ ဂုဏ်ပြုလိုက်တာ ဟီး.. ဟီး..😁"

"ဟား..ဟား.. အေးပါ
နောက်ရက်တွေ သူနဲ့ပက်သက်ပြီး ငါတစ်ခွန်းမှ မဟတော့တာမို့ နင့်နားလေး အေးချမ်းမှာပါ.. ဒါနဲ့ ငါ့ဒဏ်ရာက သက်သာလာတာမဟုတ်ဘူးနော်.. လုံးဝကို အမာရွတ်မကျန်ဘဲ ပျောက်သွားတာ.. ရှေ့လျှောက်လည်း ငါ့ဘဝကို ပိုပိုကောင်းအောင် ကြိုးစားပြီး နေတော့မှာ.. ဒါမှလည်း သူများအထင်သေးတာ မခံရတော့မှာ.."

"အေးပါ ခြူးရယ်..
ကြိုးစားထားနော်.. ငါက အမြဲတမ်း နင့်ဘက်မှာ ရှိတယ်.."

"ဒါမှ ငါ့သူငယ်ချင်းလေး..
ကဲ နင့်အတန်းရောက်ပြီဆိုတော့ ငါလည်း သွားတော့မယ်.. ငါ့အခန်းမှာတော့ တစ်ပတ်စာ စာတွေက ဆီးကြိုနေလောက်တယ်.."

နှောင်ကြိုးWhere stories live. Discover now