At morning6:30_____
အားမာန်အခန်း၌__"ဂျလောက်"(တံခားခေါက်သံ)
အားမာန်အမေ၀င်လာပြီးကုတင်ပေါ်ထိုင်ကာအားမာန်ဆံပင်လေးကိုသပ်တင်ပေးပြီး.."မွ..သားသား..ထတော့လေ..မူကြိုကျောင်းကို.သွားရအုန်းမယ်.."
နဖူးလေးနမ်းကာ လာနိုးသည်။အိပ်နေတဲ့အားမာန်တစ်ယောက်ဆူပုတ်ပူတ် အိပ်ရေးမ၀တဲ့ မျက်နှာလေးနဲ့ မျက်လုံးမဖွင့်ဘဲ ငုတ်တုပ်ထိုင်လေရဲ့။ယောင်တာလားမသိ ပြန်အိပ်ပျော်သွားသည်။ထိုအခါ အမေဖြစ်သူ စိတ်မရှည်တော့ဘဲ .
"အင့်ဟယ်...
အဲ့လောက်တောင်အိပ်ပုတ်ကြီးနေရလား .."ဆိုပြီး
သူ့သားကို ချစ်စနိုးနဲ့ဖင်ကို တစ်ချက်ရိုက်လိုက်သည်။"အ.....အမေ့.သား ထပြီလေ.."
အိပ်ချင်မူးတူးပြောကာ မျက်လုံးကိုမဖွင့်ဘူး။၊အသန့်ကြိုက်တော့ ရေချိုးဖို့မတိုက်တွန်းရဘူး။အားမာန်က အကူအညီအထောက်အပံ့တွေရပေမယ့် သိပ်အားမကိုးတတ်ဘဲ လူကြီးဆန်ဆန်နေတတ်သည်။တခါတလေ လူကြီးလေးလိုဘဲ စကားလဲ လူကြီးစာကားတစ်အားပြောတတ်သည်။စီးပွားရေးလဲနဲနဲဆန်တတ်သေးသည်။သူ့အတွက်အကျိုးမရှိနိုင်ရင် ဘာကိုမှမလုပ်၊သူ့မိဘအတွက်ကလွဲရင်ပေါ့.။
"သားသား..ရေချိုးပြီးဆင်းလာခဲ့မယ်လေ..အဆင်
သင့်လဲပြင်ပြီးဆင်းလာခဲ့မယ်.စိတ်ချနော်..မေမေ..မွ.."
သားဖြစ်သူကပြောရင်း ပါးလေးကိုအနမ်းပေးလာတာကို အမေဖြစ်သူအံ့သြနေလေရဲ့။
သူ့ရဲ့သားဘယ်လောက်ဘဲ လူကြီးဆန်ဆန် မိဘအပေါ်မှာတော့ ချွဲနေတတ်သည်။
ရေချိုးပြီး လှေကားကဆင်းလာတဲ့ လူကြီးဆန်ဆန်၃နှစ်သားလေးက နံမည်ကျော်မူကြိုကျောင်းတစ်ခုရဲ့
ယူနီဖောင်းဝတ်ဆင်ကာ နက်မှောင်နေတဲ့ဆံပင်လေးကတော့ ရေမခြောက်တခြောက်နဲ့ဝဲနေသည်မှာ ချစ်စရာကောင်းလွန်းလှသည်။