🍁Ep-22🍁(U)

1 0 0
                                    

*ဖွားဖွားရေ..ဖွားဖွားပြောတဲ့ကြားက သားတော့ဖြစ်ပြီ...ဟူး....အဲ့ဒါသား..ကြောင့်လား..သားလဲသိမ်းထားတာဘဲ...ကံကြောင့်လားဟင်...ဖွားဖွားသာရှိရင် ဘလိုနေမလဲ*
စဉ်းစားရတာမောသွားလို့ အိမ်မက်မက်ဖို့ဘဲ ပြင်လိုက်တော့သည်။

At midnight🍁

"ချလက်."
မှောင်မဲနေတဲ့  ခဲရောင်အခန်းလေးထဲ အိပ်ယာဘေးရှိမီးအိမ်လေးကြောင့် အလင်းရောင်ရလာသည်။အိပ်ချင်မူးတူးနဲ့ မျက်လုံးမဖွင့်ဘဲ ရေဘူးနဲ့ ဖန်ခွက်အားလိုက်စမ်းနေသည်။

"ကျစ်..ရေကုန်သွားပြီ..."

ရေကသောက်လို့မ၀သေးခင်ဘဲ ကုန်ချသွားသည်။ အိပ်ချင်လို့မဖွင့်ဘဲထားတဲ့မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖွင့်ပြီး အိပ်မှုံစုံဝါးနှင့်ရေသောက်ချင်လို့သာ အောက်ဆင်းလာခဲ့ရသည်။
မီးဖိုခန်း၌သူ့ထက်ဦးရောက်နေသူသည်  ဗိုက်ဆာ၍ထမင်းစားနေသည်။
ထမင်းစားနေရင်း မီးဖိုခန်းသို့ တရွေ့ရွေ့နဲ့လာနေသည့်အရိပ်ကြောင့် ကြောက်လန့်ကာ ဆက်မစားဘဲ တန်းလန်းကြီးထပြေးကာ မီးဖိုခန်းထောင့်ကပ်ကာဒူးနှစ်ဖက်ကြားခေါင်းဖွက်ပြီးပုန်းနေသည်။

"ဂျောက်"
လင်းထိန်သွားတဲ့မီးဖိုခန်းအ၀င်ဝမှာအလွယ်တကူရှိနေတဲ့ ရေခဲသေတ္တာထဲက ရေယူကာ ခွက်နဲ့မသောက်တော့ဘဲ ဆာဆာနဲ့ တစ်ဝထဲမော့ချလိုက်သည်။
နောက်သို့လှည့်လိုက်တော့ စားလက်စ ထမင်းပန်းကန်တွေ့တာနဲ့ မျက်မှောင်ကျုတ်ကာ ညကြီးဘယ်သူထမင်းစားနေတာလဲတွေးကာ ပတ်ပတ်လည်လိုက်ရှာလိုက်သည်။

"ဟိတ်..."

မော့မကြည့်လာသေးလို့ထပ်ပြီးခေါ်လိုက်သည်။

"ဟိတ်..ချင်းလုံ.."

"ဗျာ.."

ဗျာ ဆိုထူးတာတောင် မော့မလာဘဲ ငုံပြီးထူးကာ အားမာန်ဆိုတာ သိသွားတော့ အမြန်ခေါင်းမော့ကာ အပြူးအပြဲ ကြည့်နေသည်။
မြင်လိုက်ရတဲ့မြင်းကွင်းကြောင့် အိပ်ချင်တဲ့သူတောင်အိပ်ချင်စိတ်ပျောက်ပြီးရယ်ချင်စိတ်ပေါက်သွားသည်။

"ခွင်းခ်ခ်ခ်.."

ထိန်းထားတဲ့ကြားက ရယ်ဖြစ်အောင်ရယ် လိုက်သေးသည်။မျက်နှာချက်ချင်းပြန်တည်ကာ

🍁2Rings🍁Where stories live. Discover now