🍁Ep-12🍁(Z)

3 0 0
                                    

"ဟုတ်​ကဲ့..အာ့ဆိုလဲ..ဦး​လေး.ဘဲအားကိုးရမှာ​နော်​..."

"​အေးပါ..ငါ့တူရာ.."
ခါတိုင်း​ဆိုရင်​ဦး​လေးဖြစ်​သူကသူ့အိမ်​မှာ​နေတယ်​ဆို​ပေမယ့်​ အခုတစ်​ခေါက်​ တူဖြစ်​သူ​မွေး​နေ့မို့ရယ်​ မနက်​ဘွဲ့ယူမှာမို့ရယ်​ ညကတည်းကကြို​ရောက်​​နေသည်​။
စား​သောက်​ပြီးအားလုံးသိမ်းဆည်း၊ အခန်းကိုယ်​စီပြန်​ပြီ်း​အိပ်​ကြသည်​။

At 7:00am🍁

"ဦး​လေး..မြန်​မြန်​လုပ်​ပါဗျာ..ဒီမယ်​အာလုံးပြီးပြီ.."

အားမာန်​သူ့ဦး​လေးကို​အောက်​ထပ်​က​နေ လှမ်း​အော်​​နေသည်​။သူဘွဲ့ယူရ​တော့မှာဆို​တော့ တက်​ကြွတဲ့​ကြက်​ဖဖြစ်​​နေတာ။

"​အေးလာပါပြီကွာ ဒီမယ်​ နာရီ​ပျောက်​​နေလို့ လိုက်​ရှာ​နေတာ.."

"တက်​တက်​..သွားမယ်​..."

ရန်​ကုန်​တက္ကသိုလ်​ဘွဲ့သဘင်​ ခမ်းမထဲတွင်​ လူ​တွေစီကား​နေသည်​။ဘွဲ့ယူသူနဲ့မိဘ​တွေ၊careman​တွေ စုံ​နေသည်​။အားမာန်​တို့ဘွဲ့တက်​ယူပြီး.ခမ်းမအပြင်​​ရောအတွင်းမှာ​ရော ဓာတ်​ပုံ​တွေအများကြီး​ရိုက်​ခဲ့သည်​။ဓာတ်​ပုံ​တွေကိုလဲ ​ဘောင်​သွင်းဖို့တခါထည်း ဆိုင်​​၀င်​​မှာခဲ့သည်​။တစ်​မိသားစုလုံး
အိမ်​အပြန်​ ​မော​မောနဲ့အိပ်​လိုက်​ကြသည်​။

At5 :00pm🍁

"​ဒေါက်​...​ဒေါက်​..အားမာန်​ထ​တော့..မိုးချုပ်​​တော့မယ်​...မိုးချုပ်​​အောင်​အိပ်​ရင်​ ဖျားလိမ့်​မယ်​သား..."

"ဟုတ်​..ထပြီအ​မေ့..ခန​နေဆင်းလာခဲ့မယ်​..."

အားမာန်​အိပ်​ချင်​မူးတူးအခန်းထဲက​နေ ပြန်​​ပြောသည်​။

"​အေး​အေး.​အောက်​မယ်​ထမင်းပွဲ ပြင်​ထားတယ်​..စားကြ​တော့မှာ..မြန်​မြန်​လာခဲ့.."

အားမာန်​​ရေချိုးပြီး​အောက်​ထပ်​ဆင်းသွားသည်​။အောက်​မှာထမင်းဝိုင်းကလူ​တွေ​စောင့်​​နေကြသည်​။အားမာန်​၀င်​ထိုင်​ပြီး

."​ဖေကြီး..မနက်​ဖြန်​​တောင်​ကြီးသွားရမှာ​နော်​..
ဘယ်​အချိန်​​လောက်​သွားမှာလဲ.."

🍁2Rings🍁Where stories live. Discover now