အားမလိုအားမရဖြစ်ကာ ဒန်းပေါ်ခြေဆုံပေါက်နေသည်။
ဘာတွေများတစ်ယောက်ထဲမကျေနပ်ဖြစ်နေတာလဲ တွေးမိသူကတော့ အခန်းပြတင်းပေါက်ကနေ အသာ လှမ်းကြည့်ကာ ပြုံးနေမိသည်။
မှိတ်လျက်သားရှိတဲ့ မျက်လုံးတစ်ဖက်ပေါ် စိုစွတ်အေးမြသော ရေစက်တစ်စက် "ပေါက်"ကနဲ ကျလာသည်။အေးစက်လွန်းလို့ မျက်လုံးဖွင့်ကာ သတိကပ်လာတော့ မဲမှောင်ပြီး အိတက်လာတဲ့မိုးသားတွေနဲ့အတူ ဂျိုဂျားဂျိုဂျားနှင့်မိုးပေါက်များ ကျလာသည်။
*ငါအိပ်ပျော်သွားတာလား*အတွေးများကိုတောင်ဆူံးအောင် စောင့်မပေးတဲ့ မိုးရေတွေ ဘိုးဘိုးပေါက်ပေါက် ကျလာသည်။မိုးရေအစိုမခံ ချင်၍ အိမ်ထဲ ပြေးဝင်ရာ"အာ့"
အ၀င်ဝရောက်ခံ နီးမှ ခြေခေါက်လျက် ပုံကျသွားသည်။
"ချင်းလုံ ရရဲ့လား..လာလာ..ကို တွဲ ပို့ပေးမယ်.."
အားမာန်အပြေးရောက်ပြီး လက်မောင်းကနေ မ ကာ တွဲ၍ ခေါ်သွားသည်။ အိမ်အောက်ထပ် လှေကားရင်းထိ တွဲခေါ်တာအဆင်ပြေပေမယ့်
"အင့်"
လန့်လန့်နဲ့ ပြန်ဖက်လိုက်တဲ့ လက်တစ်စုံ။လန့်ပြီးပြန်ဖက်တာ ကို မလိုချင်၊လိုလိုချင်ချင် ပြန်ဖက်တာကိုဘဲလိုချင်မိသည်။၃ ထပ်တိုက်ဆိုသော်လဲ အခန်းတွေက ဒုတိယထပ်မှာဆိုတော့ လှေကားကတော်တော်တက်ရအုန်းမည်။
တွဲခေါ်နေမည့်အစား ပိုသက်သာအောင် ချီပြီးခေါ်သွားသည်။"ဒီလိုဆို ပိုအဆင်ပြေမယ်ထင်လို့.."
ဘာမှပြန်မပြောဘဲ ပြူးပြူးလေးကြည့်ကာ ပြုတ်ကျမှာစိုး၍ပြန်ဖက်လိုက်သည်။ရင်ထဲမှာတော့ သာမှန်ထက်နီးကပ်နေသည့်အခြေအနေကြောင့် မိုးချိုန်းသံများက ဗလောင်ဆူနေသည်။
ဘေးတိုက်မြင်နေရသည့် မျက်နှာမှာ ရှေကိုကြည့်နေတာမို့မေးရိုးထင်းထင်း၊နှာတံ အစင်းလေး၊မျက်တောင်တွေမှာ နက်မှောင်ပြီး ရှည်လျားသည်မှာ ဟိုဘက်ခြမ်းက မျက်တောင်ကိုတောင်မြင်နေရသည်။ဆံပင်နှင့်မျက်နှာနယ်နိမိတ်ကြားက အမွှေးနုနု ရေးရေးလေးတွေမှာ အသည်းယားစရာကောင်းသည်။
နောက်ပြီး နွေးထွေးတဲ့ ကိုယ့်ငွေ့။