(ချင်းလုံလက်စွပ်ပျောက်သွားသည်ကိုမသိသေးပါ။.
*အရာအားလုံးက ကံတရားအတိုင်းပင်။*)ဖွားဖွားဆုံးသွားပြီကို ချင်းလုံသိသည်နှင့်ရှိုက်ကြီးတငင်ငိုတော့သည်။ စံအိမ်တော်ကြီးမှာမှောင်မဲပြီး ညနေစောင်းနေ၀င်ချိန်ကြီးမှာတောင်ချင်းလုံငိုလိူ့မပြီးသေးပါ.။ သူ့မှာ အားကိုးစရာ ၊ချစ်စရာ ဆိုလို့ သူ့ဖွားဖွားတစ်ယောက်ဘဲရှိသည်။
"ဖွားဖွား..သားကိုစိတ်ချတယ်နော်..ဖွားဖွားကိုမချစ်တော့ဘူး..ဖွားဖွားလဲသားကို မချစ်လို့ထားခဲ့တာမလား...ဟီး..အီး..ဟီး....."
"သခင်လေး..မငိုပါနဲ့..တော့.ပင်ပန်းနေလိမ့်မယ်..သခင်လေးင်ိုတာ ကို သခင်မကြီးမြင်ရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်လေ..ရွှတ်..အင့်..ဟင့်.."
နှစ်သိမ့်တဲ့သူကလဲ ငိုနေသည်။
"ဟုတ်...ဒေါလေးကြည်ဖွားဖွားအတွက်လုပ်ရာရှိလေးတွေ လုပ်ပေးထားပါအုန်း.."
"အေးပါကွယ်..သားနားတော့လေသွား.."
"ဟင့်အင်း..သားဖွားနားလေးဘဲနေဦးမယ်.."
"ဟုတ်ကဲ့ပါ.."
🍁🍁🍁🍁🍁
"အဖေ...........အမေ......"
အော်ပြီးအရေးပေါ်လူနာခန်းဘက်ကိုပြေးဝင်လာတဲ့လူတစ်ယောက်..
ရှေ့မှာ nurseမ တစ်ယောက်ပိတ်ရပ်လိုက်ပြီး"ဟို...မနက်ကကားacidentဖြစ်တဲ့ အမျိုးသားနဲ့အမျိုးသမီး ၂ယောက်လူနာရှင်လားမသိဘူး.."
"ဟုတ်ကဲ့ပါ..လူနာတွေ ဘယ်မှာလဲမသ်ိဘူး.."
လူနာရှင်မှာ အသက်မနည်းရှူပြီးမေးနေသည်။အနောက်မှမမှီတမှီ လိုက်လာတဲ့ အသက်၄၀ကျော်လူကြီးတစ်ယောက်။သူသည်လဲရှေ့က လူနာရှင်နှင့့်အတူတူပင်ဖြစ်သည်။
"အော်. ဟုတ်ကဲ့ကျွန်မနဲ့လိုက်ခဲ့ပါ..."
"ဒီအမျိုးသမီးက..."
"ကျွန်တော်အမေပါ.."
"ဟုတ်..ခေါင်းနည်းနည်းထိထားတယ်ကံကောင်းလို့ပေါ့..မကြာခင်သတိရပါလိမ့်မယ်စိတ်မပူပါနဲ့..."