April>12__🍁
"သား.အားမာန်..မပြီးသေးဘူးလား..အောက်မှာ..ဧည့်သည်တွေရောက်နေပြီလေ.."
အားမာန်အမေက အခန်းပေါက်ကနေ ခေါင်းလေးပြူပြီး သားဖြစ်သူကို ခေါ်နေသည်။
"ပြီးပါပြီ..မေမေရဲ့..အခုဆင်းလာခဲ့မယ်နော်.."
လက်နှစ်ဖက်က အကျီကြယ်သီးကိုအလုအယက်တပ်ရင်း သူ့အမေကိုလှမ်းပြောသည်။
"သား..မင်းခေါင်းလဲမသုပ်ရသေးပါလား..မြန်မြန်လုပ်လေ..အောက်မှာလူစုံနေပြီ.."
"ရတယ်မေမေ..ခေါင်းကဂျယ်လိမ်းလိုက်မှာ မေုခါက်လဲရတယ်.."
"အေးအေး..အာ့ဆို..မြန်မြန်ဆင်းခဲ့တော့နော်.."
အမေဖြစ်သူပြောပြီးတံခါးပိတ်လိုက်သည်။ထိုအခါမှသားက"ဟုတ်ကဲ့"ဆြိုပီးအော်ပြောလေရဲ့။
အောက်က မွေးနေ့ပွဲထဲရှိလူများ၊ အမျိုးသားလုပ်ငန်းရှင်များက အနောက်တိုင်းဝတ်စုံကိုယ်စီနဲ့ အမျိုးသမီးတွေက ပွဲတက်ဂါဝန်အရောင်စုံနှင့်ခမ်းနားစည်ကားလှတဲ့ပွဲဖြစ်သည်။ခမ်းနားစည်ကားရခြင်းမှာ အားမာန်ရဲ့22ပြည့်မွေးနေ့ ဖြစ်သလို ဘွဲ့ယူရန်တစ်ရက်အလို ကျောင်းပြီးသွားတဲ့အထိမ်းအမှတ် ၂ခုပေါင်းပြီးအကြီးအကျယ်လုပ်ပေးခြင်းဖြစ်သည်။ဝိတ်တာကိုယ်စီမှာ ၀ိုက်ခွက် ဗန်းတွေကိုယ်စီနှင့်ဧည့်ခံနေသည်။အားမာန်မိဘ၂ပါး ကတော့ လိုက်ဧည့်ခံနေသည်ထက်စကားလက်စုံကျနေသည်။ထိုစဉ် အသံအားလုံးတိတ်ဆိတ်သွားပြီးလူတိုင်း၏အကြည့်က ကြီးမားကျယ်ပြန့်လှတဲ့လှေကားအလယ်သို့။
သမင်လည်ပြန် ကြည့်သူက ကြည့်၊ ငေးသူက ငေးနှင့် တစ်စုံတစ်ယောက်ဆင်းအလာကို စောင့်ကြည့်နေကြသည်။ခြေ အစ ခေါင်းအဆုံးကြည့်မိလျှင် ရူးသွားနိုင်အောင် ဆွဲဆောင်မှုရှိသောသူသည် လှေကားအလယ်မှ ဆင်းလာနေသည်။(ဒါတောင်
အလျင်စလို ပြင်ဆင်လိုက်ရလို့😆)၀တ်ထားတဲ့အနောက်တိုင်းဝတ်ဆုံမှာ fit sizeဖြစ်နေပြီး အရမ်းကိုတောက်ပနေသည့် ၀ါကျင့်ကျင့်အသားအရေက အနက်ရောင်အနောက်တိုင်းဝတ်စုံကို ပိုပြီး ပေါ်လွင်စေသည်။နောက်သို့ လှန်ဖီးထားတဲ့ မခြောက်တခြောက်နဲ့နက်မှောင်လွန်းတဲ့ဆံပင်က ပုံကျနေ၍မျက်နှာမှာလဲ ချောမောသေသပ်လွန်းလှသည်။ မျက်နှာအသားအရေမှာလဲ ၀င်းမွတ်နေပြီး မျက်ခုံး၊မျက်လုံး၊မျက်ဆံ၊မျက်တောင် စတာတွေက မဟူရာရောင် သမ်းနေသည်။နှုတ်ခမ်းမှာပုံကျ ပြီးပျက်သားလွန်း၍ စီးပွားရေးလုပ်ငန်းရှင်မှန်းမပြောဘဲနဲ့တောင်သိနိုင်သည်။ရှည်လျားပြီး တောင့်တောင့်တင်းတင်းခန္ဓာကိုယ်၊လူကြီးဆန်တဲ့ အပြုအမူတွေက ပေါ်လွင်လှသည်။
ဆင်းလာနေတဲ့ခြေလှမ်းတိုင်းမှာလဲ ငေးမောလောက်အောင်ပင်။