🍁Ep-18🍁(z)

3 0 0
                                    

"ချန့်ချင်းလုံ..!!"
အားမာန်စိတ်မရှည်တော့ ထပ် အော်လိုက်သည်။
အနားကပ်လာပြီး မျက်နှာချင်းနီးစေ၍ သေချာစိုက်ကြည့်နေသည်။ချင်းလုံမှာလဲ မျက်လုံးလေးလန်ပြီး လန့်လန့်နဲ့ပြူးကြည့်နေသည်။

"ဟို..သားတွေးတာအကုန်လုံးကို..ပြောပြပါ့မယ်..ဒါမဲ့..ဟို..ဒီ လိုလက်စွပ်ရှိနေတဲ့သူကိုဘဲ ပြောပြလို့ ရမှာမို့လို့ပါ..."

ချင်းလုံ တုန်တုန်ရီရီနဲ့ အသက်မနည်းရူပြီးပြောကာ  ဘယ်ဘက်လက်ကို ထောင်ပြလိုက်သည်။
အားမာန် ချင်းလုံးကိုသေချာစိုက်ကြည့်နေရာမှ ထောင်ပြတဲ့လက်ကို အကြည့်ပြောင်းလိုက်သည်။
အားမာန်ဒီလက်စွပ်ကိုမြင်ဖူးတယ်လို့ တွေးကာ ဆေးရုံကောက်တွေ့ခဲ့တဲ့လက်စွပ်ကို သတိရသွားသည်။*အာ...ငါလက်စွပ်ပြန်မပေးရသေးဘဲ ပြန်လာခဲ့မိတာလား.*
ဧည့်ခန်းအတွင်းခနငြိမ်နေသည့်အခြေအနေ:

"ချန့်ချင်းလုံ..သား..ဒီလက်စွပ်နဲ့ဘာဆိုင်လို့လဲ.."

"ဟုတ်ကဲ့..အန်တီ...တကယ်ဆိုင်တယ်လို့ထင်လို့ပါ.."

"ကောင်းပြီ ..အဲ့လက်စွပ်က ငါ့ဆီမှာ..."

အားမာန်မျက်နှာလွဲကာပြောလိုက်သည်။

"သားကဘာလို့သူများ လက်စွပ်ယူလာတာလဲ..အားမာန်.."

"ကျွန်တော်မယူပါဘုး..ဆေးရုံသန့်စင်ခန်းထဲမှာ ကောက်တွေ့ခဲ့တာပါ..မေ့ပြီးပြန်မပေးဖြစ်တာ.."

"အာ့ဆို..လက်စွပ်ရှိတဲ့သူနဲ့ ၂ယောက်ထဲ ပြောရလိမ့်မယ်..."

ချင်းလုံမျက်နှာကိုငုံ့ထားကာ    အားမာန်ဆီ မခို့တရို့ ကြည့်ကာပြောလိုက်သည်။

"ကောင်းပြီ..ငါ့အခန်းထဲလိုက်ခဲ့..."

အားမာန်ပြောပြီး ချက်ချင်းဘဲ အခန်းဆီကိုပြေးတက်သွားသည်။ချင်းလုံကတော့ပြေးတက်သွားတဲ့အားမာန်ကိုလည်ပြန်ကြည့်ပြီးခေတ္တကျန်နေခဲ့သည်။အန်တီအေးလဲ နားမလည်တဲ့ မျက်နှာမျိုးနဲ့ မီးဖိုချောင်ထဲသို့ဝင်သွားသည်။
ချင်းလုံလဲ အခန်းထဲသို့လိုက်သွားသည်။

"ဒေါက်...ဒေါက်.."

"၀င်လာခဲ့..အခုမှ တံခါးခေါက်မနေနဲ့.."

🍁2Rings🍁Where stories live. Discover now