🍁Ep-11🍁(U)

2 0 0
                                    

စိတ်​၀င်​တစားနားစွင့်​နေတဲ့ချင်းလုံ​လေး​တော်​တော်​သိချင်​နေတဲ့ပုံ​လေးဖြစ်​နေသည်​။သူ့ဖွားဖွား​ပြောတာကို
မျက်​လုံး​လေးပြူပြီး​သေချာ​စောင့်​နားစွင့်​နေသည်​။

"ချင်းလုံ..သား..​သေချာမှတ်​ထား​နော်​...သားကို..ဖွားဖွား..ဒီလက်​စွပ်​လေး​တွေ​ပေးလိုက်​ရင်​..ဒီလက်​စွပ်​လေး​ရဲ့ပိုင်​ရှင်​က သားဖြစ်​သွားပြီ.."

"ဒီလက်​စွပ်​လေး၂ကွင်းထဲက ၁ကွင်းကမ​တော်​တဆ တခြးသူဆီ​ရောက်​သွားခဲ့ရင်​..အဲဒီလူကို..သားက..လက်​ထပ်​လိုက်​ရလိမ့်​မယ်​..​နောက်​ပြီး..ပိုဆိုးတာက အကြင်​လင်​မယား​မြောက်​အောင်​တစ်​ကြိမ်​တခါဘဲဖြစ်​ဖြစ်​..​သေချာ​ပေါက်​နေ​ပေးရလိမ့်​မယ်​...​အေး..အဲ့လို၁ဖက်​ဆီ​ရောက်​သွားပြီးမှ သူ့သတ်​မှတ်​ချက်​အတိုင်းမလိုက်​နာဘူးဆိုရင်​..​နောင်​ဖြစ်​လာမဲ့အကြိုးဆက်​ကို​တော့.ဖွားဖွားကိုယ်​တိုင်​လဲ မသိလို့..မ​ပြောနိုင်​ဘူး..​မြေး​လေး...အား​ကြောင့်​..ဒီလက်​စွပ်​လေး၂ကွင်းကို လက်​ခံလိုက်​ပြီဆိုကတည်းက..​သေချာသိမ်းထားရလိမ့်​မယ်​..ချင်းလုံ.."

​ဒေါ်​မေလုံ​မြေးဖြစ်​သူကို​သေချာနားလည်​အောင်​ရှင်းပြ​နေသည်​။

"အွန်​..အာ့ဆို..ဒီလက်​စွပ်​က အန္တရယ်​များတယ်​..ဖွားဖွား..သားမယူပါရ​စေနဲ့..​နော်​ဖွားဖွား.."

မျက်​လုံး​လေးပြူး၊လက်​နှစ်​ဖက်​ကခါပြီး မယူဖို့ အတင်းငြင်း​နေသည်​။သူစိုးရိမ်​သည်​က တခြားသူက​ယောက်ျား​လေးဖြစ်​ခဲ့ရင်​ဆိုတဲ့အ​တွေး​ကြောင့်​ဖြစ်​သည်​။

"မဖြစ်​ဘူး..ချင်းလုံ..ဒီလိုဆို..အဖွားတို့ဘိုးဘွားတစ်​ဆက်​လုံး ထိန်းသိမ်းလာတာ..ပျက်​သွားလိမ့်​မယ်​..
သား..​သေချာသိမ်းထားရင်​..ဖြစ်​တာဘဲ..မဟုဆ်​ဘူးလား.."

အဖွားကသူ့​မြေးလက်​စွပ်​ကို မယူမှာစိုး၍​ချော့​ပြော​နေရသည်​။ဒါပြင်​လက်​စွပ်​မယူမှာစိုး၍ အ​ကြောင်းတစ်​ခုကို​တော့ ထိန်​ချန်​ထားခဲ့သည်​။​နောက်​ပြီး
သူ့​မြေးနဲ့​ရေစက်​ဆုံမည့်​သူက​ယောက်ျား​လေး ဖြစ်​ခဲ့ရင်​လဲ..သူလက်​ခံနိုင်​ရမည်​ဟု ကြိုတင်​တွေးထားသည်​။

🍁2Rings🍁Where stories live. Discover now