စိတ်ဝင်တစားနားစွင့်နေတဲ့ချင်းလုံလေး တော်တော် သိချင်နေတဲ့ပုံလေးဖြစ်နေသည်။သူ့ဖွားဖွားပြောတာကို
မျက်လုံးလေးပြူပြီး သေချာစောင့်နားစွင့်နေသည်။"ချင်းလုံ..သား..သေချာမှတ်ထားနော်...သားကို..ဖွားဖွား..ဒီလက်စွပ်လေးတွေပေးလိုက်ရင်..ဒီလက်စွပ်လေးရဲ့ပိုင်ရှင်က သားဖြစ်သွားပြီ.."
"ဒီလက်စွပ်လေး၂ကွင်းထဲက ၁ကွင်းကမတော်တဆ တခြးသူဆီရောက်သွားခဲ့ရင်..အဲဒီလူကို..သားက..လက်ထပ်လိုက်ရလိမ့်မယ်..နောက်ပြီး..ပိုဆိုးတာက အကြင်လင်မယားမြောက်အောင် တစ်ကြိမ်တခါဘဲဖြစ်ဖြစ်..သေချာပေါက်နေပေးရလိမ့်မယ်...အေး..အဲ့လို၁ဖက်ဆီ ရောက်သွားပြီးမှ သူ့သတ်မှတ်ချက်အတိုင်းမလိုက်နာဘူးဆိုရင်..နောင်ဖြစ်လာမဲ့အကြိုးဆက်ကိုတော့.ဖွားဖွားကိုယ်တိုင်လဲ မသိလို့..မပြောနိုင်ဘူး..မြေးလေး...အားကြောင့်..ဒီလက်စွပ်လေး၂ကွင်းကို လက်ခံလိုက်ပြီဆိုကတည်းက..သေချာသိမ်းထားရလိမ့်မယ်..ချင်းလုံ.."
ဒေါ်မေလုံမြေးဖြစ်သူကို သေချာနားလည်အောင်ရှင်းပြနေသည်။
"အွန်..အာ့ဆို..ဒီလက်စွပ်က အန္တရယ်များတယ်..ဖွားဖွား..သားမယူပါရစေနဲ့..နော်ဖွားဖွား.."
မျက်လုံးလေးပြူး၊လက်နှစ်ဖက်ကခါပြီး မယူဖို့ အတင်းငြင်းနေသည်။သူစိုးရိမ်သည်က တခြားသူက ယောက်ျားလေးဖြစ်ခဲ့ရင် ဆိုတဲ့အတွေးကြောင့်ဖြစ်သည်။
"မဖြစ်ဘူး..ချင်းလုံ..ဒီလိုဆို..အဖွားတို့ဘိုးဘွားတစ်ဆက်လုံး ထိန်းသိမ်းလာတာ..ပျက်သွားလိမ့်မယ်..
သား..သေချာသိမ်းထားရင်..ဖြစ်တာဘဲ..မဟုဆ်ဘူးလား.."အဖွားကသူ့မြေးလက်စွပ်ကို မယူမှာစိုး၍ ချော့ပြောနေရသည်။ဒါပြင် လက်စွပ်မယူမှာစိုး၍ အကြောင်းတစ်ခုကို တော့ ထိန်ချန် ထားခဲ့သည်။နောက်ပြီး
သူ့မြေးနဲ့ရေစက်ဆုံမည့်သူက ယောက်ျားလေး ဖြစ်ခဲ့ရင်လဲ..သူလက်ခံနိုင်ရမည်ဟု ကြိုတင်တွေးထားသည်။