4

4.8K 413 9
                                    

"Sean .....ဒီအရောင်လေး.မဆိုးဘူးနော်။ဒါပေမဲ့.designက.နည်းနည်းလေးရိုးနေသလိုပဲ"

"Eller!!!!"

"အွန်း....ပြောလေ Sean!!!"

"အခုချက်ချင်း..အိမ်ပြန်ကြရအောင်နော်။.ဝတ်စုံက.Ellerစိတ်တိုင်းမကျသေးရင်..မနက်ဖြန် မှထပ်လာရအောင်။"

သူမကဝတ်စုံရွေးနေရာမှရပ်လိုက်ပြီး..ရှောင်ကျန့်ကို.လှည့်ကြည့်လာသည်။

"ဘာလို့လဲ။"

"ကိုယ်တို့.နေ့လည်ကတည်းကထွက်လာတာလေ။.အခု.ညနေတောင်စောင်းတော့မယ်။ပြီးတော့..ကိုယ်...
ကိုယ်..စိတ်ထဲလေးနေလို့"

" ဒါက Ellerတို့ Wedding အတွက်နော်"

"ဒါပေမဲ့...ကိုယ်အခု.အိမ်ပြန်ချင်ပြီ။ဝမ်လေးကိုလည်း.စိတ်မချဘူး။"

"တိတိက..Ellerမောင်.အရင်းပါ။.Sean ကြည့်ရတာ သိပ်ပိုနေသလိုပဲ။"

"တော်ပြီEller။.မင်းနေခဲ့ချင်လည်း မတားပါဘူး။"

သူမကို.လှည့်မကြည့်စတမ်းထွက်သွားခဲ့တဲ့.Sean ကအရမ်းပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လူကြားထဲမှာ..တစ်ယောက်တည်း.အထားခံခဲ့ရတဲ့.သတို့သမီးလောင်းကို..ရပ်ကြည့်သူအချို့၏မျက်ဝန်းများရှိနေခဲ့သည်။
ဒီအရှက်ကွဲမှုကို.သူမ ဘယ်တော့မှမမေ့ဘူး

"တောက်.......!!!!!!!!!!!!!!"

ဒါတွေအကုန်က...ဝမ်ရီပေါ် ကြောင့်...
Sean က သူမကို.သိပ်ဂရုစိုက်တတ်ခဲ့တာ...
chinaကို..မပြန်ခင်ကအထိ။
ဝမ်ရီပေါ် နဲ့ မသိခင်က.အထိ..Sean က.သူမကို.သိပ်အလိုလိုက်ပြီး.ချစ်ပေးခဲ့တာ။

အနောက်နိုင်ငံသားတွေကြားမှာ..အားကျလောက်စရာအရှေ့တိုင်းစုံတွဲ..ဖြစ်ခဲ့ကြသည်။
ဝမ်ရီပေါ် ကို..သွားမတွေ့ခင်အထိ။
<><><>
-
-
-
-
စိတ်ထဲ၌နေလို့.အဆင်မပြေသောကြောင့်..ဝမ်အိမ်တော်ကို..အမြန်ပင်..မောင်းလာခဲ့လိုက်သည်။

ရှောင်ကျန့်..အခုချိန်မှာ..ဝမ်လေးကို.သိပ်စိတ်ပူနေမိသည်။ဘာအကြောင်းပြချက်ရယ်လို့ မယ်မယ်ရရ မရှိပေသည့်..သူ့ရင်ထဲ မတင်မကျဖြစ်နေမိလေခြင်း...

လေးပင်နေသော စိတ်တို့နှင့်အတူ သူက လီဘာကို ဖိနင်းမိတော့ ကားလေးကအရှိန်နှင့် ဝမ်အိမ်တော်ကို ဦးတည်နေသည်။

ThE TeAr [Completed]Where stories live. Discover now