12

4.4K 317 11
                                    

ဝမ်ချူးရန်သည်..ဆေးရုံခန်းထဲတွင်ငူငူကြီးထိုင်နေခဲ့သည်။သူက..ဘယ်လောက်ကြီးမားတဲ့အပြစ်တွေကို ကျူးလွန်ခဲ့မိတာလဲ...
ပြန်ပြင်ဖို့ရောအချိန်မှီပါသေးရဲ့လား...

သူသည်ကြမ်းပြင်ပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။တစ်စုံတစ်ဦး၏ပစ်ပယ်ခြင်းကို.ခံရသည်က.ဤမျှလောက်..စိတ်ပင်ပန်းရမှန်းသူက..သိသွားခဲ့ပြီဖြစ်သည်။

ဒါဆိုရင်..တစ်ချိန်က..သူရင့်ရင့်သီးသီး.ပြောဆိုခဲ့တဲ့ကောင်လေးကရော..??
သူက.ထိုနေ့ကအဖြစ်အပျက်ကို.မျက်လုံးထဲပြန်လည်မြင်ယောင်လာမိသည်။
ထိုနေ့.....ထိုနေ့.....မျက်လုံးကွယ်သွားတဲ့ကောင်လေးကို.သူသွားတွေ့ခဲ့တဲ့နေ့......

Flashback starts:

ဝမ်ချူးရန်သည်..ဆေးရုံ VVIP room ထဲသို့ခြေလှမ်းလိုက်တယ်ဆိုရုံဖြင့်..ကောင်လေးဆီက..မှေးမှိန်နေသော.စကားသံတိုးတိုးကလေးတချို့ကိုကြားခဲ့ရသည်။

"ဦးလေးမင်.ရောက်လာပြီလား..? အတော်ပဲ..ကျွန်တော် ဗိုက်ဆာနေတာ..ဟီးဟီး.."

ထိုကောင်လေး၏မျက်ဝန်းများက.ဦးတည်ချက်မရှိနေခဲ့ပေ။ဖြူဖျော့နေသော..ကောင်လေးက.သူ၏ခြောက်သွေ့နေသောနှုတ်ခမ်းတို့ကို.အစွမ်းကုန်.ကွေးညွတ်ထားရင်း...သူပျော်နေကြောင်း.သူများသိစေရန်ရည်ရွယ်ခဲ့လေသည်လား...

"ဦးလေးမင်က.စကားလည်းပြန်မပြောဘူး။ ကျွန်တော်ပြောပြီးပြီလေ..ဝမ်းမနည်းပါနဲ့လို့။
ကျွန်တော်....ကျွန်တော်လေ...ဒီမျက်လုံးတွေကွယ်သွားလည်း...ပြသနာမရှိပါဘူး...ဟီးဟီး..
ကျောင်းဆက်မတက်ရတော့...စာလုပ်ရသက်သာတာပေါ့...ဟားဟား.. !!!"

"........"

"ဘယ်လောက်ကောင်းလိုက်လဲ..!!!"

ထိုကောင်လေးသည်..သူ့အတွက်စိတ်မပူရန်ပြန်လည်နှစ်သိမ့်နေခဲ့သည်လား။သို့သည့်တိုင်.အားခဲ၍ဖန်တီးထားသောအပြုံးတို့က..ဝမ်းနည်းရိပ်သန်းနေခဲ့သည်။

"ဥိးလေးမင်..!"

"ငါပါ....မင်ခဲ့.မဟုတ်ဘူး"

ထိုကောင်လေး၏လှုပ်ရှားမှုတို့သည်.ခဏမျှကြောင်အသွားခဲ့ပြီး...မျက်နှာကလေးပြုံးရွှင်လာခဲ့သည်။

ThE TeAr [Completed]Where stories live. Discover now