8

4.8K 322 12
                                    

"အစ်ကို..ကားကိုအရှေ့ကြည့်မောင်းပါဆို!!!"

လမ်းမထက်တွင်ပြေးလွှားနေသော ကားလေးထဲကလေထုက ချိုမြိန်လျက်ရှိနေသည်။
ခက်သည်က အစ်ကို ကိုပြောမရတာလေးတစ်ခုတည်းရယ်ပါ။
အစ်ကိုသည် ဒီမနက်သူ့ကို စတွေ့ကတည်းက စိုက်ကြည့်နေသည်မှာယခုကားမောင်းနေသော အချိန်ထိဖြစ်သည်။.ရှေ့ကြည့်မောင်းလို့ပြောလည်းမရ။

ပြုံးပြီးကြည့်နေသော.အစ်ကို၏အကြည့်များကြောင့်သူကတဖြည်းဖြည်းအနေကျုံ့လာရသည်ပဲအဖက်တင်၏။

"ကိုယ့်ချစ်သူကိုကြည့်တာပဲ...ဝမ်လေးက.တွန့်တိုလိုက်တာ....ဟားဟား.. !!!"

"ဒါပေမဲ့ အခုက.ကားမောင်းနေတာလေ.!"

"အဲ့ဒါဆို..အလဲအလှယ်တစ်ခုလုပ်ရအောင် ..!"

ရှောင်ကျန့်သည်..လမ်းကြောင်းကြည့်၍ လမ်းဘေးကို.ကားထိုးရပ်လိုက်သည်။

"ဘာလို့ကားရပ်လိုက်တာလဲ..အစ်ကို..!"

"ကိုယ်တို့..အလဲအလှယ်ကောင်းကောင်းလုပ်ရအောင်လေ..!"

"ဘာအလဲအလှယ်??"

"ကိုယ်က.ကားကိုကောင်းကောင်းမောင်းမယ်..။အဲ့ဒီအစား.ဝမ်လေးက.ကိုယ့်ကိုအရင် Morning kissပေးရမယ်...!!"

ရှောင်ကျန့်သည်.ခေါင်းငုံ့သွားသော.ကောင်လေးကို.ကြည့်၍မပြုံးပဲမနေနိုင်တော့ချေ။
ဒီကောင်လေး၏အရှက်သည်းချိန်တိုင်း..ပြောင်းလဲသွားတတ်တဲ့အမူအရာလေးတွေကို.ရှောင်ကျန့်က.တယုတယမှတ်တမ်းတင်ထားချင်မိပါ၏။

"ဟာ.....!!အစ်ကို.ကလည်း..."

"အဲ့လိုမှမဟုတ်ရင်..ကိုယ်ဒီအတိုင်းပဲရပ်ထားမှာ..!"

ထိုကောင်လေးသည်.မျက်လုံးဝိုင်းလေးများနှင့်ကူကယ်ရာမဲ့စွာမော့ကြည့်လာသည်။
ရုတ်တရက် ပါးပြင်ကိုလာရောက်ထိကပ်လိုက်သော.ကောင်လေး၏နှုတ်ခမ်းပါးနုနုလေးကြောင့်.ရှောင်ကျန့်သည်.စီယာတိုင်ကို တင်းနေအောင်.ကိုင်လိုက်မိသည်။
ခုန်နေသော.ဘယ်ဘတ်ရင်အုံကို...ဖုံးကွယ်လိုက်ရင်း.မျက်နှာလွှဲထားသော.ကောင်လေး၏နားရွက်ဖျားရဲရဲလေးတွေကို..စိုက်ကြည့်မိသည်။

"ရပြီလား...အစ်ကို!"

"ဟင့်အင်း..!!!မရဘူး..။ ဒီလိုမှ!!"

ThE TeAr [Completed]Where stories live. Discover now