Final

8.3K 403 15
                                    

ရီပေါ်က မှန်ထဲက သူ့ပုံရိပ်ကို ကြည့်မိသည်။
အဖြူရောင် Suit လေးနှင့်..သူ.....
ဆံပင်ခပ်အုပ်အုပ်ကလေး က ရှေ့ချထားတာကြောင့် ပါးလေးနှစ်ဖက်က ပို၍ဖောင်းနေသလို ထင်ရသည်။

"Omo...သတို့သားလေးက သိပ်ချောနေတော့တာပဲ..."

ပြင်ဆင်ပေးကြတဲ့ Stylist အစ်မတွေက ချီးကျူးကြသည်။ သူက သွားတန်းလေးပေါ်အောင် ပြုံးလိုက်တော့..အကုန်လုံးက တမေ့တမော ငေးကြည့်နေကြပြန်သည်။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့သည်.သတို့သားလောင်းလေးက လည်ဂုတ်ကိုသာ ခပ်ဖွဖွပွတ်လျက်....

"ရှောင်သခင်လေးက သိပ်ကံကောင်းတာပဲ..ကြည့်ပါဦး..ဒီအသေးလေးကို.အူယားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ"

"ကျေး.....ကျေးဇူးတင်ပါတယ် "

"မောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ"

ရီပေါ် က ခေါင်းလေးသာ ငုံ့ထားမိတော့သည်။
သူက တကယ်ပဲ လူအများရဲ့အာရုံစိုက်မှုကို မခံနိုင်သေးဘူး။

"အဟမ်းးးး...ကျနော်...သတို့သားလောင်းနဲ့ စကားခဏပြောချင်ပါတယ်.."

ခပ်သွက်သွက် ဝင်လာတဲ့ အစ်ကိုက ဘေးကလူတွေကို မကြည်ကြည့် ကြည့်သည်။

"အော.....ခဏနေရင်..သူ့အပိုင်ဖြစ်တော့မှာကို  ရှောင်းသခင်လေး တို့များ တွန့်တိုချက်.."

ဘောက်ဆက်ဆက်နဲ့ အလျှိုလျှို ထွက်သွားကြတော့...အတင်းပြောတာလည်း.မဟုတ် ပေါ်တင်ပြောတာလည်း မဟုတ်တဲ့ စကားသံတွေကြားနေရသည်။
ရီပေါ်က ဟက်ခနဲ တစ်ချက်ရယ်လိုက်သည့်တိုင် ရှောင်ကျန့်မှာ သူ့ရှေ့က နတ်သားလေးဆီမှ အကြည့်မခွာရသေးပေ။

"ဝမ်လေး..ကိုလွမ်းနေတာ"

"အစ်ကိုကတော့ ဖြစ်ရတယ်..။မတွေ့ရတာ နာရီပိုင်းလေးရှိသေးတာကို...ဟားဟား "

"တကယ်လွမ်းနေတာပါဆို"

"ဟားဟားဟား."

"ဝမ်လေး...ဒီနေ့သိပ်ကို ချစ်ဖို့ကောင်းနေတာ သိရဲ့လားဟင်...အဲ့ဒါကို ထပ်ပြီး ပြုံးပြနေသေးတယ်..။
ပြုံးချင်ရင်...ကိုယ့်ရှေ့မှာပဲ ပြုံး."

"ကျနော်က အစ်ကို့ အပိုင်ပဲ ဟာ"

"Aiya ကိုယ်အချိန်ခဏလေးတောင်မစောင့်ချင်တော့ဘူး။ဝမ်လေးကို အရမ်းတွေသိမ်းပိုက်ချင်နေပြီ.."

ThE TeAr [Completed]Where stories live. Discover now