7

5.4K 362 11
                                    

ရီပေါ်သည် ဒီကနေ့တွင်စိတ်ထဲကြည်လင်နေသလိုခံစားရသည်။ ညနေခင်းနေရောင်အောက်တွင်သူက သဲသောင်ပြင်မှာ လေညှင်းလေးခံရင်း ရဲတောက်နေသော နေမင်းကြီးနှင့် တလိပ်လိပ်တက်နေသော ရေလှိုင်းဖြူများကိုကြည့်ရင်း စိတ်ပေါ့ပါးမှုကို ရှာဖွေရသည်။

သူသည် ဒီကို စရောက်ကတည်းက တစ်ချိန်လုံးနီးပါး ကမ်းခြေတွင် ပင်လယ်ကြီးအားအဖော်ပြုပေးခဲ့သည်။အမှန်တော့ အထီးကျန်နေသူက ပင်လယ်ကြီး မဟုတ်ဘဲ သူပင်ဖြစ်နေခဲ့သည်ထင်ပါ၏။

ရီပေါ်သည် မျက်လွှာများကိုချလိုက်ရင်း လက်နှစ်ဖက်ကို ပင်လယ်ဘက်မျက်နှာမူလျက်ဆန့်ကားထားလိုက်သည်။ အလုအယက်တိုးဝင်လာသော လေးအေးများက သူ၏ဆံနွယ် တွေကို အနည်းငယ် လွင့်သွားစေသည်။

သူကဤခံစားချက်ကိုရူးလောက်အောင်သဘောကျသည်။သူက ရုတ်တရက်ဆိုသလို ခါးဆီက ရစ်တွယ်လိုက်သော လက်တစ်စုံကို ခံစားလိုက်ရပြီး အတန်ငယ် ထိတ်လန့်သွားခဲ့သည်။

သူက နွေးထွေးသော ရင်ခွင်ကျယ်ကြီးမှာ နစ်မြုပ်နေခဲ့ပြီး  ရင်းနှီးနေသော စွဲလန်းခဲ့ရပါသော ထိုသူ့၏ကိုယ်သင်းရနံ့ကို ခံစားရသည်။ ဒီအရာက အိပ်မက်လားလက်တွေ့ပေပဲလား ဆိုသည်ကိုအမှန်ပင် မခွဲခြားတတ်တော့ချေ။

"ဝမ်လေး...!!!"

အက်ကွဲနေသောထိုသူ၏အသံက သူ့နှလုံးသားထဲသို့ချိုမြစွာ စီးဝင်သွားခဲ့သည်။
မျက်လွှာများကို ဖွင့်လိုက်ရင်ရော ဒါက အိပ်မက်ဖြစ်နေခဲ့ရင် သူဘယ်လိုလုပ်မလဲ။
ပုခုံးဆီမှ ပူနွေးစိုစွတ်မှုကို ခံစားလိုက်ရပြီး..ထိုသူထံပါးမှ ရှိုက်သံတစ်ဆ ကြားလိုက်ရသည်။

အစ်ကိုက ငိုနေတာလား!!!။
အစ်ကို့၏လက်ကိုဖြုတ်ချပြီး အစ်ကို့မျက်နှာမော်ဖူးရန် လှည့်ကြည့်မည်ဟုသူက တွေးလိုက်သည်။

"ဟင့်အင်း....ဝမ်လေး...ဖြုတ်မချပါနဲ့။ ကိုယ်ဒီလိုလေး ဝမ်လေးကို ဖက်တွယ်ထားချင်ခဲ့တာ။ကိုယ် လွှတ်ပေးလိုက်လို့ ဝမ်လေး မရှိတော့ရင် ဘယ်နဲ့လုပ်မလဲ..!"

"ကျန့်ကော....!"

"ကိုယ်ပါ ဝမ်လေး!! ကိုယ် တောင်းပန်ပါတယ်"

ThE TeAr [Completed]Where stories live. Discover now