2

5.3K 432 6
                                    

ရှောင်ကျန့်သည် သူ့၏ laptop screen ပေါ်တွင် ပေါ်နေသော ပုံလေးကို အတန်ကြာသည်အထိ တမေ့တမောကြည့်နေခဲ့သည်။ထိုပုံကလေးတွင် သူ့မဟုတ်သော ကောင်လေးတစ်ယောက်သည် အပြစ်ကင်းစွာ ပြုံးနေခဲ့သည်။

"ဝမ်လေး..ကောဘာဆက်လုပ်ရမလဲကွာ!"

သူက အချိန်တိုလေးအတွင်းထိုကောင်လေးကို သံယောဇဉ်အကြီးကြီး တွယ်သွားခဲ့မိသည်ထင်ပါရဲ့။
ရှောင်ကျန့်သည် ထိုပုံအား နစ်နစ်နဲနဲ စိုက်ကြည့်နေခဲ့ပြီး..အတိတ်နေ့ရက်များက မှတ်ဉာဏ်များဆီလက်ပစ်ကူးနေခဲ့သည်။

သူသည် အဖေတစ်ခုသားတစ်ခု.ဘဝဖြစ်သော်ငြား ကောင်လေးထက်ပို၍ကံကောင်းနေခဲ့သည်ပဲလား..။
ရှောင်ကျန့်သည်မိခင်ဆုံးပါးပြီးနောက်.အချိန်တစ်ခုအထိသူ၏ဖခင်နှင့် ရင်းနှိးခဲ့ကြသည်။

သို့ရာတွင် သူသိတတ်တဲ့အချိန်မှာတော့ ဖခင်က အလုပ်ထဲတွင်သာ.နစ်မြုပ်နေခဲ့ပြီး သူ့အပေါ် အာရုံမရှိတော့ချေ။ရပ်ခြားသို့ အလုပ်ကိစ္စ များနှင့်သွားနေတတ်ပြီး.သူကတော့ မွေးရပ်မြေကငွေပုံပေါ်၌ အပူအပင်မရှိခဲ့.....။
သို့ပေသည့် ရှင်သန်ရသည်က အဓိပ္ပါယ်  မဲ့နေသကဲ့သို့ဖြစ်ခဲ့ရသည်။

သူသည် တရုတ်၌အထက်တန်းနောက်ဆုံးနှစ်အထိ ကပ်တွယ်နေခဲ့သည်။ ထို့နောက်တွင် ဖခင်၏ ဆန္ဒအရ USတွင်ကျောင်းဆက်တက်ခဲ့သည်။ အထီးကျန်နေ့များကို တစ်ယောက်တည်းဖြတ်သန်းရင်း Eller Wangဆိုသော တရုတ်မလေးကို စတွေ့ခဲ့သည်။

ရင့်ကျက်သော Ellerနှင့်သူ၏ ခံစားချက်ဖလှယ်တတ်သည်အထိ ရင်းနှိးခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြသည်။

ရှောင်ကျန့်သည် Ellerနှင့် လက်ထပ်ဖို့အထိကြံရွယ်ထားသည်။ချစ်သူသက်တမ်း၂နှစ်အကြာတွင်သူတို့နှစ်ယောက် စေ့စပ်ဖြစ်ခဲ့ကြသည်။Ellerအုပ်ထိန်းသူများနှင့်ရင်းနှိးလာနှင့်ပြီ ဖြစ်သည်။သူ့လိုအပ်နေခဲ့သော မိခင် မေတ္တာကို Eller၏အမေထံမှခံစားရသည်။

အန်တီသည် ကံအားမလျော်စွာ အိပ်ယာထဲလှဲနေသော နာတာရှည်လူနာဖြစ်သော်ငြား သူ့အပေါ် အတတ်နိုင်ဆုံး စိတ်ရင်းနှင့် ဆက်ဆံပေးခဲ့သည်။
သူနှင့်အန်တီတို့သည် သားအမိအရင်းနှယ် ကျွမ်းဝင်လာခဲ့သည်။

ThE TeAr [Completed]Où les histoires vivent. Découvrez maintenant