14

4.6K 307 17
                                    

"မား.....သားတို့ရောက်ပြီ။ "

ရီပေါ်သည်  သူတို့ဝင်လာသည်နှင့် ကျလက်စမျက်ရည်များကို ခိုးသုတ်လိုက်သော မိခင်ဖြစ်သူကို ကြည့်မိသည်။
သူ့ဘက်သို့လှည့်ကာ အလှဆုံးပြုံးပြနေသော မားဆီမှမဖုံးကွယ်နိုင်သော မှေးမှိန်မှုကလေးကို ခံစားရသည်။

"အန်တီနေရသာ အဆင်ပြေတယ်မလား.."

"လာကြ ဝမ်လေးနဲ့ သားကျန့်..မားကမျှော်နေတာ။"

"အာ.....ကိုယ် ကားထဲမှာ ဂျင်ဆင်းမြစ်မေ့နေရစ်ခဲ့ပြီ ..ဝမ်လေးရေ။
အန်တီ ကျနော် သွားယူဦးမယ်နော်..."

"ဖြေးဖြေးသွားအစ်ကို..."

"အင်း.....ပြန်လာခဲ့မယ်နော်။"

ရှောင်ကျန့်ထွက်သွားပြီး မိနစ်ဝက်လောက်ထိ အခန်းကြီးက တိတ်ဆိတ်သွားခဲ့သည်။
နှစ်ဦးသား..ဘာစကားမျှမဆိုကြသေး။ ပြောသင့်ရဲ့လား စဥ်းစားနေကြတာဖြစ်ကောင်းဖြစ်နိုင်သည်။

"မား......မျက်နှာသိပ်မကောင်းသလိုပဲ။
မားလုပ်ချင်တာ..ဟင့်အင်း..လုပ်စေချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်...မား။
သားက မား ဆန္ဒအတိုင်း လိုက်နာမှာမို့။ "

"အာ......ထွေထွေထူးထူးမဟုတ်ပါဘူး။"

"အင်း....မားသဘောပါ။ "

"..........."

"အော် ဒါနဲ့ နောက်အပတ်ထဲ သားဘွဲ့ယူရမယ် မား။"

မားက အပြုံးခပ်ဖျော့ဖျော့နှင့် ကြည့်လာသည်။ သူ၏ဆံနွယ်လေးများကို ပွတ်သပ်ပေးရင်း နူးညံစွာကြည့်နေသောမား..။
ဝမ်ရီပေါ် က တကယ်ပဲ ထို မေတ္တာတို့နှင့်နေသားမကျသေး။ ထိုကဲ့သို့ရရှိသော မေတ္တာအလုံးစုံသည်အမြဲသစ်လွင်နေမြဲဖြစ်သည်။

"သားလေး ပင်ပန်းသွားရပြီ။
သားအတွက် တကယ်ဂုဏ်ယူပါတယ်"

"ကျေးဇူးတင်ပါတယ် ...မား.."

<><><>
-
-
-
-

"အစ်ကိုဘာတွေလုပ်နေတာလဲဟင်..?"

ရှောင်ကျန့်က နောက်မှဖက်တွယ်လာသော ရီပေါ်ကြောင့်ပြုံးလျက် လုပ်လက်စများဆက်လုပ်နေလိုက်သည်။

ThE TeAr [Completed]Tahanan ng mga kuwento. Tumuklas ngayon