5

5.1K 404 13
                                    

မှိန်ဖျော့ဖျော့အလင်းရောင်ကလေးသာရှိသော..အခန်းကျယ်ကြီးထဲ၌ ကောင်ကလေးတစ်ယောက်က.ခပ်ရဲ့ရဲ့လေးကျုံ့လို့ထိုင်နေခဲ့သည်။

အခန်းကြီးက.ကျယ်နေသော်ငြား..ထိုကောင်လေးက.သူ့အတွက်.နေရာမရှိသလို..ကျုံ့နိုင်သမျှကျုံထားခဲ့သည်။မျက်အိတ်များကဖောင်းအစ်လျက်..နှုတ်ခမ်းများကသွေးရောင်ပင်မရှိဖြူဖျော့နေခဲ့သည်။

[Knock!!! Knock!!]

"ဝမ်လေး...ကောပါ။ဟို....ဟို..ဝမ်လေးတစ်ခါတည်းလိုက်ခဲ့မလားလာမေးတာ"

"........"

"ဝမ်လေး....နေမကောင်းဘူးလား..။ကော..ဖွင့်ဝင်ခဲ့လို့ရမလား.."

"........."

"ဝမ်လေး...ကောတို့သွားရတော့မယ်။ကောဝင်ခဲ့မယ်နော်"

"ဟင့်အင်း.....မဝင်ခဲ့နဲ့...
ကောတို့ပဲအရင်သွားကြပါ။ကျွန်တော်...ခဏလောက်နေဦးမယ်။"

"ဝမ်လေး..နေမကောင်းဘူးလား။အသံကဖျော့နေသလိုပဲ"

"သွားပါတော့!!!!!!!"

"ဝမ်...လေး."

"သွားတော့!!!!
ကျွန်တော့်ကို.အာရုံမစိုက်ပါနဲ့..။
ပျော်ရွှင်စရာလက်ထပ်ပွဲလေးဖြစ်ပါစေ!"

"ဝမ်လေးရယ်....."

".........."

"အဲ့ဒီလိုဆို...ကောသွားနှင့်ပြီနော်။
ကော..တောင်းပန်ပါတယ်"

အစ်ကို၏တောင်းပန်စကားက.ဘာအတွက်လည်းဆိုတာ.သူကတကယ်ပဲနားမလည်နိုင်ခဲ့ပါ။
အစ်ကိုက.သူ့အပေါ်တောင်းပန်စရာမလိုအပ်ဘူးဆိုတာသူရှင်းပြဖို့..စကားတစ်ခွန်းမျှပင်မပြောချင်တော့...
တစ်လှမ်းမှလည်းမရွေ့ချင်သလို..ခန္ဓာအနှံ့အပြားဆီမှမည်သည့်အစိတ်အပိုင်းကိုမျှ..မလှုပ်ချင်တော့။

သူကအသက်မရှိတဲ့သူတစ်ယောက်ကဲ့သို့...တိတ်ဆိတ်နေမိသည်။အခန်းထဲတွင်.အသက်ရှုသံခပ်မျှင်းမျှင်းကလေးကနေရာယူနေသည်။
ဝမ်ရီပေါ်က အတန်ကြာသည်အထိ တွေတွေကြီးထိုင်နေခဲ့သည်။
နောက်ဆုံးအကြိမ်ရယ်လို့မှတ်ယူမိတာကြောင့်..သူက...နံရံအမှီပြုလို့..ရှိသမျှအားလေးနဲ့ကုန်ရုံးထလိုက်သည်။

ThE TeAr [Completed]Where stories live. Discover now