11

4.7K 331 0
                                    

ဖြေးဖြေးမှန်မှန်နှင့်ပြေးနေသော  မီးခိုရောင်ကားကလေးသည်..လမ်းမထက်တွင်..ကျော့မော့လျက်...
ကားထဲတွင်ပျံ့လွှင့်နေသော..သီချင်းသံလေးကို..ဝမ်ရှုရီသည်..စည်းချက်ညီစွာ..နားထောင်နေသည်။

သူမသည်...ဒီရက်ပိုင်းအတွင်း.သူမ၏တစ်ချိန်က.ချစ်ရသူနှင့်.ပတ်သတ်၍အင်မတန် စိတ်မသက်သာလှပေ။ သူမက.ဘာတွေကိုမျှော်လင့်ပြီး..ဝမ်အိမ်တော်တွင်နေခဲ့ရသလဲဆိုတာ.သူမ.မသိ။
သူမ ဖခင်သည် USသို့ပြန်သွားခဲ့သောကြောင့်..အိမ်တော်တွင်တစ်ယောက်တည်းဆိုသော.အသိသည်.သူမကို..မွန်းကြပ်စေသည်။

သူမသည်..စိတ်ထဲတွင်ကျန်ရှိနေသော.မွန်းကြပ်မှုများကို..ဖြေဖျောက်ရန်အတွက်..မြို့အပြင်သို့ကားပတ်မောင်းရန်ဦးတည်မိသည်။
ကားလေးသည်..တဖြေးဖြေး.မြို့ပြနှင့်အလှမ်းဝေးလာခဲ့သည်။သူမသည်..ကားအမိုးကို..ဖွင့်လိုက်ရင်း..မျက်မှန်တပ်လိုက်သည်။

ကားလေးကို.အရှိန်တင်လျက်..တိုးဝှေ့လာသောလေတို့ကို..လွတ်လပ်စွာခံယူရင်း..ပတ်ဝန်ကျင်ကိုမေ့လျော့နေခဲ့သည်။
အချိန်ကြာခဲ့ပြီဖြစ်သော်လည်း.မကျက်သေးသောဒဏ်ရာဟောင်းက.သူမကို.တဆစ်ဆစ်ကိုက်ခဲစေသည်။

အခုချိန်ထိ..ထိုလူ့ကိုမြင်လျှင်..လူဗိုလ်အလယ်အငြင်းခံရတဲ့ သတို့သမီးတစ်ယောက်၏ခံစားချက်ကို.တူးဆွမိရန်တွန်းအားပေးနေသကဲ့သို့သာ...
သူမသည်..မွေးကတည်းက.ဦးစားပေးခံခဲ့ရသူပီပီ..သူမအားကျော်၍ရွေးချယ်သွားသော..ထိုသူ့ကို.ဘယ်နည်းနှင့်မျှမကျေနပ်ပါချေ။

အထူးသဖြင့်..ရွေးချယ်သွားသူသည်..သူမတစ်ခါမျှပင်စာရင်းထဲတောင်ထည့်မတွက်ခဲ့သော....သူမအပိုင်တွေကိုလုယူနေကျဖြစ်သည့်  ဟိုကောင်လေးဖြစ်နေသောကြောင့်.....
သူမကို  ထွေးပွေ့ပေးခဲ့သော..မိခင်သည်ထိုကောင်လေး..မွေးကတည်းက.သူမကို.ဂရုစိုက်မပေးနိုင်တော့..။

ထိုကောင်လေးအကြောင်းတွေးသည့်အချိန်တိုင်း..ရင်ထဲမီးမြှိုက်နေသလိုခံစားရသည်။
'သူက.ဘယ်တော့မှကောင်းကျိုးမပေးတဲ့..အရှုပ်ထုပ်ပဲ'

သူမသည်.ကားကိုအရှိန်ပိုတင်လိုက်ပြီး..ဒေါသတွေဖြေဖျောက်နေ၏။
ကားရှင်းနေ၍သူမက.ဘာကိုမျှသတိမမူနေတော့ဘဲ..မိုင်ကုန်မောင်းခဲ့သည်။

ThE TeAr [Completed]Where stories live. Discover now