9

4.4K 331 11
                                    

ရီပေါ်သည်..အငှားယာဥ်ကလေးစီးလျက်..လေးပင်နေသောစိတ်အစုံတို့နှင့်အတူ..ဝမ်အိမ်တော်သို့ရောက်ရှိလာခဲ့သည်။
သူသည်..ယခင်နေ့များက.အိမ်တော်ထဲသို့ဝင်ရန် တွန့်ဆုတ်မနေခဲ့သည့်တိုင် ယနေ့တွင်တော့..ခြေတစ်လှမ်းချနိုင်ရန်ပင် အချိန်တော်တော်ယူခဲ့လိုက်ရ၏။

သူသည်..ပေါ့ပါးမနေသောခြေလှမ်းများနှင့်.ဝင်ခဲ့လိုက်သည်။တိတ်ဆိတ်နေသောအိမ်ကြီးထဲတွင်သူ၏ခြေသံများကို..အတိုင်းသားကြားနေရ၏။
ရီပေါ်သည်.တုန်ရီနေသောစိတ်အစုံကို.ချုပ်ထိန်းနိုင်ရန်..သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်။
သူ၏ခြေသံမဟုတ်သော..ခြေသံပြင်းပြင်းတို့က.သူ၏အနားသို့.လှမ်းလာနေ၏။

"မင်းက...ဒီအိမ်ထဲကိုခြေချရဲတဲ့ သတ္တိရှိနေသေးတယ်ပေါ့...!!!!!!"

"ခွပ်....!!!!ခွပ်...!!"

ကျဥ်တက်သွားသောဘယ်ဘက်ပါးပြင်းနှင့်အတူသူသည်.ကြမ်းပြင်ပေါ်သို့...လဲကျသွားခဲ့သည်။
ဝမ်ရီပေါ်က..သူ၏ဖခင်ဟုသတ်မှတ်ထားသည့်လူအားမျက်ရည်များနှင့်မယုံကြည်နိုင်စွာကြည့်နေမိသည်။

"§သုံးမကျတဲ့gayကောင်...!!!!!မင်းကြောင့်..ငါ့.သိက္ခာတွေလည်းရေစုန်မျောပြီ။"

[ ဘုတ်...!!!!!!]

"ကြည့်စမ်း...မင်းရဲ့အရှက်မရှိတဲ့ဓါတ်ပုံတွေ။.လူမြင်ကွင်းမှာ..ပလူးနေတာ ကျက်သရေမရှိဘူး!!!!"

ရီပေါ်သည်.သူ့၏အရှေ့သို့ကျလာသော အစ်ကိုနဲ့သူ၏ဓါတ်ပုံများကို..ကြည့်လိုက်သည်။

"မင်း..ငါ့ဘဝကို..ဘယ်အချိန်ထိ.ဒုက္ခတွေပေးနေမှာလဲ..ဟမ်!!!!"

မရည်ရွယ်ပါဘူး..။
ပါးပါးလို့ခေါ်တဲ့သူကိုသူကြောင့်နဲ့..စိတ်ဒုက္ခရောက်စေဖို့တကယ်ပင်သူမရည်ရွယ်ခဲ့ပါဘူး။
သူကဒီတိုင်းလေး..အစ်ကို့ကိုချစ်မိသွားရုံတင်ပါ။သူချစ်တဲ့သူက ယောကျာ်းတစ်ယောက်ဖြစ်နေခဲ့ရုံပါ။

သူ့အားစကားလုံးရင့်ရင့်များနှင့်ဒေါသတကြီးပြောဆိုနေသော..ဖခင်ဆိုသူကိုကြည့်ရင်း..မျက်အိမ်ထဲမှမျက်ရည်များရစ်သိုင်းလာမိသည်။

"အင့်......ဟင့်....!!!"

"§ gayက ငိုဖို့ပဲတတ်သလား..ဟမ်!!!!"

ThE TeAr [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ