1

14.6K 560 7
                                    

"ဝမ်သခင်လေး...စိတ်အေးအေးထားမယ်နော်...။"

သူ့၏မျက်နှာ.အထက်ပိုင်းနားလောက်မှာ.ရစ်နှောင်လို့ထားတဲ့.ခပ်နုနု..ပတ်တီးစများကို...တစ်ရစ်ချင်းစီ..ဖြေရင်း.ပြောလာသော...Dr.လီမင်ရှန်း..

Dr၏စကားနှင့်ဆန်ကျင်စွာပင်သူ၏စိတ်ထဲ၌အဘယ်သို့.အေးချမ်းနိုင်ပါ့အံ့။

အဆုံးမရှိတဲ့.အမှောင်ထုကြီးထဲမှာ...တစ်ယောက်တည်းလမ်းပျောက်ခဲ့ရတဲ့.၃နှစ်တာ.အချိန်ကာလက..နည်းသည်မှမဟုတ်။
ယနေ့တွင်မူ...၃နှစ်တာ အဆက်ပြတ်ခဲ့သော.လောကကြီးနှင့်..လက်ပွန်းတတီးထိတွေ့ခွင့်ရတော့မည်။

စိတ်တွေထိန်းမရအောင်.လှုပ်ရှားနေသည်မှာ.ဝမ်ရီပေါ် ၏စရိုက်မဟုတ်ပေမယ့်...
မျက်လွှာပေါ်က..တရွေ့ရွေ့.လျော့ရဲ သွားသော..ပတ်တီးစတွေကြောင့်..လာရောက်ထိခတ်လာသော.လေနုအေးလေးများမှာ...အမှန်တကယ်ပင်...ရင်ထဲတစ်လှပ်လှပ်ဖြစ်စေသည်။

တခြားအရာတွေပြန်မြင်ခွင့်မရခဲ့ရင်တောင်..တစ်ယောက်သောသူ၏မျက်နှာကိုတော့ မြင်ဖူးချင်ခဲ့ဖူးသည်။

သူအားအမှောင်ထုထဲမှရုန်းထွက်ချင်စိတ်ဖြစ်အောင်.လှုံ့ဆော်ပေးခဲ့လေသော.ထိုလူသား....။

ထိုလူသားကို..လူအများကတော့.."ရှောင်ကျန့်"လို့ ခေါ်ကြသည်။သူကရော....?
သူကရော..ဘယ်လိုခေါ်ခဲ့ပါသလဲ။

သူ၏စိတ်ထဲတွင်..စွဲစွဲလန်းလန်း..ခေါ်ဖူးချင်မိခဲ့သည်..ထိုလူသားအတွက်.ရင်မှဖြစ်တည်သော.နာမ်စားလေးတစ်ခု..ရှိနေခဲ့သည်။

"အစ်ကို........"
စကားချိုချိုလေးတွေကို..လေသံအေးအေးလေးနဲ့...ပြောတတ်တဲ့အစ်ကို...။
အမှောင်ကျနှင့်နေပြီးသား..သူ့၏ဘဝကလေးထဲကို..မဖိတ်ခေါ်ပဲ...လေပြေလေးလို.တစ်သိမ့်သိမ့်တိုးဝင်လာတဲ့အစ်ကို..။

သူ၏ဘဝမှာပထမဆုံးလောဘတက်ခဲ့မိတဲ့.ထိုလူသား...။
ထိုလူသားအပေါ်..ထားရှိတဲ့သူ၏ခံစားချက်က..ယောကျာ်းမိန်းမ..မခွဲခြားနိုင်ဘဲ..ဘဝမှာ.ပထမဦးဆုံးဖြစ်တည်လာခဲ့မိလေတဲ့...အချစ်ဆိုတဲ့အရာနဲ့.ခပ်ဆင်ဆင်ရယ်ပါ။

အကြိမ်ကြိမ်ဆန်းစစ်မိခဲ့ပေမယ့်..နောက်ဆုံးရလဒ်က..သူထိုလူသားအပေါ်မှာ..နစ်နစ်နဲနဲနှင့်..ရစ်တွယ်နေမိပြီ။
ထိုလူသားနှင့်..နီးစပ်နိုင်ဖို့ဆိုတာ...မသေချာပေမယ့်..ဟင့်အင်းသူနဲ့လက်လှမ်းမမှီတဲ့.ပင်မြင့်စံ.လူသားကို..မမျှော်လင့်ရဲပေမယ့်...ပထမဆုံးလောဘတက်ခဲ့မိလေတာမို့....ကြိုးစားကြည့်ချင်မိသည်။

ThE TeAr [Completed]Donde viven las historias. Descúbrelo ahora