Unicoad
မနက်၇နာရီ ထိုးပဲ ရှိသေးး အိမ်ကို ရောက်ချလာသည့် ဦးနောင်!
"ဟာ သားကြီး စောလှချည်လားကွယ်"
"ဟုတ် အရမ်းနေမြင့်မှာဆိုးလို့ .. ကျွန်တော် ညနေ မှ ငယ့်ကို လာပြန်ပို့ပါ့မယ် အမေနု"
"အေးပါကွယ် ..ခေါ်သွား"
ဒီလိုနဲ့ ကားပေါ်ရောက်တော့ ထက်မြတ်အကြောင်းတွေးမိသည်။
ဒီနေ့ ၄နှစ်ပြည့်ပေမဲ့ သူကတော့ သတိရမယ်မထင် အလုပ်ရှုပ်နေလို့ အဟက်..!
မချစ်ခဲ့ပေမဲ့ ကိုယ်နဲ့ ပတ်သက်ပြီး ရည်ရွယ်ခဲ့သူတယောက်မို့လို့.. သတိတရတော့တွေးမ်သည်။
အတွေးများနေတဲ့ နွေဦးကို ကားမောင်းနေတဲ့
ဦးနောင် ကြည့်ပြီး ရင်မောရသည်။*ငယ့် အတွေးထဲ သူရောက်နေတာမလားး!ငယ်..
ကိုယ်မဟုတ်တော့ ရင်ပူရတယ် ကွယ်*ရွှေတိဂုံ ဘုရားးသို့ရောက်တော့ စောင်းတန်းတလျှောက်လမ်းလျှောက် တက်ပြီးး ဘုရားပန်းးကပ်လှူရန် ဝယ်ယူပြီးး လက်ယာရစ် ပတ်ကာမွေးနံ ဂြိုဟ်ထောင့်သို့ ရောက်ခဲ့သည်။
"ဦးနောင် ငယ် မွေးထောင့်ရောက်ပြီ ဦးနောင် စောင့်မလား သွားနှင့်မလားး ?"
"ကိုယ့်စောင့်ပေးမှာပေါ့ .. တယောက်တည်းစိတ်မချပါဘူးး"
"ဟုတ်ပါပြီ.."
စနေ သမီးး စိတ်ကြီးးတယ် အငြှိုးကြီးတယ်.. သူမတူ သလို ရင့်ကျက်သူလဲ ဖြစ်တယ်..
ဘုရားဝတ်ပြုနေတဲ့ နွေဦးကိုကြည့်ပြီးး ဦးနောင်ကြည်နူးနေမိသည်။ ကိုယ့်ချစ်ရသူ မျက်နှာ လေးကို ထိုင်ငေးခွင့်ရတာ နည်းတဲ့ ကုသိုလ်လားး?
နွေဦး ဝတ်ပြုရှိခိုးပြီးမှ သက်ဦးရဲ့ မွေးနံ ဗုဒ္ဓဟူးးသို့
"ဟင် ဦးနောင်ကို သောကြာသား မှတ်တာာ"
"ဟုတ်လား.. အဖေ နံမည်လေ သက် က"
နွေ သိတတ်ကတည်းက ဦးနောင် ဖေဖေ မရှိတော့တာ သိသည်မို့ စကားမဆက်တော့ပဲ သံရှည်ဆွဲကာ အဆုံးသတ်လိုက်သည်။
"အော်....."
ဦးနောင် ဘုရားဝတ်ပြုတော့ နွေဘေးနားမှာထိုင်ပြီး ဦးနောင်ကို သေချာ ကြည့်မိသည်။
YOU ARE READING
အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)
RomanceUnicoad "ဘယ်နေရာရောက် ဘယ်အချိန်တွေရောက်ရောက် ဦး က ငယ့်ရဲ့ ဆုံမှတ်ပဲ! ဘာဆုံမှတ်လဲဆိုတော့ ငယ်ရဲ့ အချစ်တို့ရှင်သန်ရာ ဆုံမှတ် ဟီးဟီးး" _________________ "ကိုကို လို့ခေါ်ပါဆို ငယ်ရယ်" "မရဘူး ဦး ပဲ" သက်ဦးနောင် ❤️ နွေဦးငယ် ___________________ "ကိုယ် ငယ့်ကိ...