Part-23

2.4K 78 1
                                    

Unicoad

သတိ‌မလည်ရာကနေ  အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်သွားတဲ့ ငယ့်ကို ရင်ခွင်ထဲ ထည့်ကာ နွေး‌ထွေးစေသည်။

*တော်သေးတာပေါ့ အိပ်ပျော်သွားလို့! က်ုယ်တော့ စိတ်ပူလို့သေရတော့မယ် ငယ်ရေ*

မိုးကရွာစဲရွာမြဲပင်။ မိုးတာင်ချုပ်ရောပေါ့!

*ဒီညတော့ ဒီမှာပဲ အိပ်ရမှာပဲ*ဟု သဲကြီးမဲကြီးရွာနေတဲ့ မိုးကိုကြည့်ရင်းဆိုမိသည်။

ညနေကတည်းကသတိမလည်တဲ့ ငယ်က ည ဦးရောက်တော့ နိုးးလာခဲ့သည်။

"အင်းး!"

"ငယ်!"

"ဦးးး" တိုးလျလျခေါ်သောငယ့်စကားသံ

"ကိုယ်က လန့်သွားတာ ကလေးရယ် တော်သေးဝာပေါ့! အခုနေသာသွားပြီမလားဟင်!"

စိုးရိမ်စိတ်ဖြင့်  နွေဦး မျက်နှာလေးကို မရဲတရဲထိတွေ့ရင်းး ဆိုလာသည်။

"ငယ် ဟင့် ဘာမှ မဖြစ်တော့ပါဘူးး ဦးရယ်!"

မျက်ရည်‌တွေဝဲလျက် ဆိုလာတဲ့ငယ်။

"တော်သေးတာပေါ့ကွာာ!" ငယ့်ပါးပြင်အထက် မျက်ရည်တွေသုတ်ပေးရင်းး  နောက်မှ တခုခုကို သတိဝင်လာသလို

"ဟင်!! ငယ် ငယ် အခု ကိုယ့် ကိုယ့်ကို ဦးးး ! ဦးလို့ခေါ်လိုက်တာလားး?"ဆိုတော့

ငယ်က မျက်ရည်တွေ ကျဆင်းလျက် ခေါင်းတဆတ်ဆတ်ငြိမ့်သည်။

"အင့် အဟင့် ငယ်တောင်းပန်ပါတယ် အကြာကြီးး အကြာကြီး အင့် မေ့နေခဲ့လို့!! အီးးဟီးး"

"ရွှတ် ငယ်ရယ်!'  မျက်ရည်တွေ ရှိုက်သံတွေ ကြားက ငယ့်မျက်နှာ အနှံ့ အနမ်းတို့ခြေဆန့်ကာာ တင်းကြပ်စွာပွေ့ဖက်ထားမိတော့သည်။

အခုချိန် ဘယ်လိုပြောရမလဲဆို ခေါင်းထဲ ဘာမှ မရှိတော့ပဲ အပျော်တွေသာ ပြည့်နေတော့သည်။ အရင်က လွမ်းတဲ့ဒဏ်ကြောင့် ခံစားနေရတာတွေက အခုတော့ ဘာမှ မဟုတ်တော့သလို !

"အရမ်း အရမ်းလွမ်း နေခဲ့တာ ငယ်‌ရယ်! ချစ်တယ် အရမ်းချစ်‌တယ်နော် ကိုယ့်ကို ပြန်မှတ်မိလာပေးလို့ "

"အဟင့် အီး ငယ် အင့် ငယ်လဲ အရမ်းချစ်တယ် ပြီးတော့ အဟင့် တောင်းပန်ပါတယ်!'

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now