Part-22

2.1K 73 1
                                    

Unicoad

တဖက်! နှစ်ပတ်‌နီးပါးပျောက်နေတဲ့ သက်ဦးနောင်ကြောင့် ထွဋ်နောင်တို့ စိတ်တွေ ဂိတ်ဆုံးထိပူနေရသည်။

လင်းထက်နဲ့ လက်ထပ်ပြီးကတည်းက ဦးနောင် နေတဲ့ မော်လမြိုင်မှာ သာအခြေချလိုက်နေခဲ့သည်။

တခါတခါ နွေဦးလေးကို လိုက်ရှာမယ်ဆိုပြီး ပျောက်ပျောက်သွားးတတ်တာကြောင့် အခုလဲ သွားနေကျ ကမ်းပါးနားကို လာခဲ့ပေမဲ့ မတွေ့ပေ!

"နှသ်ပတ်တောင် ဘယ်ကိုပျောက်နေတာလဲ ငနောင်ရယ်! ဖုန်းခေါ်တော့လဲ စက်က ပိတ်နဲ့"

ကမ်းပါအထက်။ဝမ်းနည်းစွာ မချိတင်ကဲရေရွတ်နေတဲ့ ချစ်လင်ကြောင့် လင်းထက်လဲ စိတ်ထဲမကောင်းပေ။

"ကိုကို ကိုသက်ဦး အဆင်ပြေမှာပါ အရမ်းမပူပါနဲ့နော်!"

"ကိုယ်သိပါတယ် ပီစိရယ် ဒါပေမဲ့ သူက နွေဦး‌."

"ကျွန်တော် နားလည်ပါတယ် .. အရမ်းမပူနဲ့ဟုတ်ပြီလားး? ကိုသက်ဦးက အဲ့လိုမလုပ်လောက်ပါဘူးး"

*အင်း ငနောင် ဒီလိုတော့ မလုပ်လောက်ပါဘူးလေ!*

"ဟူးးးးး အင်းပါ ပီစိရယ်"

__________________________

သက်ဦးး သားသား နဲ့ မီးမီးကို အဂ်လိပ် အက္ခရာ တွေကိုသင်ဖို့ စာရေးနေတုန်းးး

သွက်လွန်းတဲ့ သားနဲ့ သမီးက သူ့အခန်းထဲ မွှေနှောက်က ရှောက်ဖွနေတော့သည်။

"ဖေဖေ ဒီပြားပြားကြီးက ဘာကြီးလဲ"ဆိုကာ သူ့စီ ယူလာပြတဲ့ မီးမီးဆီ အကြည့်ပို့တော့

*ဖုန်း!*

"အဲ့ဒါကို ဖုန်းး လို့ခေါ်တယ် မီးမီးရဲ့! တနေရာနဲ့တနေ အဆက်အသွယ်လုပ်ချင်ရင် သုံးလို့ရတယ်! တခြားအများကြီးပေါ့ကွာ"

ကလေးတွေကိုပြောရင်း လက်က စက်ကိုဖွင့်ကြည့်လိုက်တော့

"ဒါ မေမေ မဟုတ်လားး "

ဖုန်း စက်ခရင် က ငယ့် ပုံကိုကြည့်ရင်း မေးလာသည့် သားသားးကို  ဖက်ကာ တချက်နမ်းလိုက်တော့ မီးမီးကပါ သူ့ကို နမ်းရန် ပါးလေးထိုးပေးသည်။

ကလေးတွေကို မွှေးမွှေးပေးပြီးး

"ဒါ က ဖေဖေ့ရဲ့ အသက် ကလေးတို့ရဲ့"

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now