Part-24( Final)

5.8K 101 5
                                    

Unicoad

နောက်တနေ့ မနက်ကျ အဘက တောင်ပေါ်ထိ လိုက်ပို့သည် ။

"ကဲကဲ သွားကျတော့  နောက်တခါလာမှ ပြန်ဆုံကျတာပေါ့"

မျက်ရည်တွေဝဲနေတဲ့ အဘစကားကြောင့်နွေဦး ရင်ထဲမကောင်းဖြစ်မိသည်။

"အဘ!' ဆိုကာ ဖက်လိုက်သည်။ထို့နောက်

"သမီးတို့ကို မိဘသဖွယ်စောင့်ရှောက်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်"

"အိုး သမီးလေးရယ်  သမီးလေးက အဘတို့ သမီးပါပဲ!! သားသမီးမရှိတဲ့ အဘတို့ဘဝက သမီးလေးနဲ့မြေးလေးတို့ ရောက်လာမှ ပြည့်စုံသွားတာပါကွယ်! မငိုနဲ့တိတ်တိတ် ကလေးတွေ နိုးသွားဦးးမယ် သွားကျကွယ် မိုးမချုပ်ခင်!"

"ဟုတ်ကဲ့ နောက်ကျ လာလည်ပါဦးမယ် အဘ"

"အေးအေးး!"

အဘက လင်းထက်နဲ့ ဦးနောင်လက်ထဲက ကလေးတွေရဲ့ ပါးတချက်သီကို မွှေးကြူရင်းနှုတ်ဆက်သည်။

"ဦးနောင် ကားလာပြီ"

ထွဋ်နောင် ဖုန်းဆက်ခေါ်လိုက်တာကြောင့် ကားရောက်လာပြီး အကုန်လုံး‌ကားပေါ်တက်ကာ အိမ်အပြန်ခရီးကို စတင်ခဲ့သည်။

ကားအနောက်မှာ ကျန်ခဲ့တဲ့ အဘကတော့ လာရာ လမ်းအတိုင်းပြန်ဆင်းသွားလေပြီ။

ကားပေါ်ရောက်တော့ သားသားကို ထွဋ်နောင်လက်ထဲ ထည့်ကာာ

ဦးနောင်မှာတော့ ဝမ်း‌နည်းနေသေးတဲ့ အချစ်ကို ရင်ခွင်ထဲထည့်ရင်းနှစ်သိမ့်ပေးမိသည်။

"မငိုနဲ့နော် ငယ်! နောက်လဲ လာဦးမှာပဲကိုးနော်"ဆိုတော့ ရင်ခွင်ထဲကနေခေါင်းတညိတ်ညိတ်ပင်!

____

ကားလေး မော်လမြိုင်မြို့ကို ဝင်ပြီးး သိပ်မကြာလိုက်  အတော်အတန်ကျယ်‌ေသောာ ခြံဝန်းကြီးထဲ ကားထိုးရပ်သည်။

ရောက်ရောက်ချင်းးပင် လင်းထက်နဲ့ထွဋ်နောင်က ‌ကလေးတွေချီကာ ကားပေါ်ကဆင်းနှင့်သည်

*အိပ်ပျော် နေတဲ့ ကလေးတွေကို အခန်းထဲ သွားပို့ခဲ့သည်ထင်ပါ့.. သူကတော့ ကလေးကြီးကို နှိုးရပေဦးမယ်*

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now