Part -12

1.7K 76 0
                                    

Unicoad

ကျောက်ဆောင်ဘက်ကနေ စက်ဘီးလေးဖြင့်ပြန်လာပြီးးးးနောက် ရေဆော့နေကျတဲ့ လင်းထက်တို့ ရတီတို့ အနားးသွားတာာ အတူရေဆော့ရင်းပျော်မြူးနေတဲ့ ကလေးကိုကြည့်ရင်းး ရင်ထဲ ကြည်နူးနေမိသည်။

ဘာလို့ပါလိမ့်? က‌ေလးက က်ုယ့်အပိုင်ဖြစ်မှာသေချာနေလို့များလား?

သူ ငယ့်ကို ကြည့်ကာ အတွေးနဲ့ပြုံးးမိနေတုန်းး သူ့ဘက်ကိုလှည့်၍ လက်ကလေးယက်ကာဆော့ရန် လှမ်းခေါ်နေတဲ့ ကလေးးကြောင့် အပြေးသွားမိသည်။

‌ကလေးက ရေသိပ်ကြိုက်တာ ငယ်ငယ်ကတည်းကပင်။
အခုလဲ သူလေး သိပ်ပျော်နေတာာ!..

နေမြင့်လေ လှိုင်းကြမ်းလေ ငြိမ်သွားလိုက် ထလာလိုက်နဲ့ လူအများကတော့ အတော်ပျော်နေတဲ့ ပုံပင် ..
*အင်း ငယ်အပါအဝင်ပေါ့*

တဖြည်းဖြည်းရေနက်ပိုင်းကို ရောက်မှန်း မသိရောက်လာတာကြောင့်

ကျွန်တော်လဲ ငယ့် ကို မျက်စိအောက်ကအပျောက်မခံပဲ လ်ုက်ထိန်းရသည်။ ကလေးက သိပ်ဆော့တာ!..

ဒါပေမဲ့ ကျွန်တော်ကြည့်နေရင်းကပင် လှိုင်းးအကြီးတလုံးက ရုတ်တရက်ထလာပြီးးး

"ဝေါ ဝေါ ဝေါ ဝုန်းးးး"ဆိုကာ အရှိန်ဖြင့် ရေပေါ်ကလူအတော်များများကိုလှိုင်းတံပိုးအောက် ဆွဲခေါ်သွားသည်။

ဘေးကလူတွေကတော့ "ဟေးးး ဝေးးး" ဟေးလားဝါးလားဖြင့် ပျော်နေကျသည်။

လှိုင်းကကြီးတာကြောင့် ကိုယ့်က်ုယ်ကိုတောင်မနည်းထိန်းယူရသည်။ လှိုင်းရိုက်ခံလိုက်ရချင်း ငယ့်ကို လှမ်းဆွဲပေမဲ့ မမှီလိုက်။

"ငယ်.."

"အဟွတ် အဟွတ်" ရေအောက်‌ကနေ ပြန်ပေါ်လာတော့ ကျန်သူတွေက ပုံမှန်အတိုင်းဆော့နေပေမဲ့

"ဟင်..ငယ်!" ငယ့်ကို မတွေ့တော့!!

"ငယ်ရေ!!!" ကျွန်တော်ရေအောက်တွေပါ ငုံ့ရှာသည်။ မတွေ့

မကြာလိုက် ခြေထောက်ကို လာဆွဲသည့် အထိအတွေ့ကြောင့် ရေအောက်ငုံ့ကြည့်မိတော့

တွေ့ပါပြီ ငယ်!! ရေမွန်း နေပေမဲ့ သူ့ခြေထောက်ကို ရအောင်ဆွဲခဲ့တဲ့ပုံပင်။ စိုးရိမ်စိတ်က ရင်ထဲ ဗလောင်ဆူကာာာ မွန်းကြပ်လာရသည်။

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now