Part-16

1.8K 60 0
                                    

Unicoad

မိုးလင်းတော့ ကျွန်တော်ရင်ခွင်ထဲက ကလေးက မနိုးသေးပေ။ ရင်ခွင်ထဲဝင်၍ခါးကိုဖက်ထားတာကြောင့် လှုပ်ရင် နိုးမည်စိုးသဖြင့် အသာငြိမ်၍သာနေလိုက်သည်။

ပါးပြင်ပေါ်က ဆံနွယ်တချို့ကို သပ်တင်ပေးပြီး အနမ်းတခုခြေချမိသည်။
တဆက်တည်း မနေ့က အချိန်တွေကိုပြန်တွေးမိတော့ ရင်ထဲပျော်ရွှင်မှုက အတိုင်းမသိပေ။

*ငယ့်ကို တကယ်ပိုင်ဆိုင်ခဲ့ရပြီ*

အတွေးနဲ့ နှုတ်ခမ်းကပြုံးမိနေတုန်းး

မကြာလိုက် ရင်ခွင်ထဲက အကောင်ပေါက်ကလေးနိုးလာခဲ့သည်။

"Morning ငယ်❤️"လို့နှုတ်ဆက်တော့ အိပ်ချင်မူးတူးလေးဖြင့်

"Morning ဦးး❤️"တဲ့

"ထတော့မလားး လမ်းလျှောက်နိုင်လားး"လို့မေးခါမှ အခြေအနေကို သတိရသွားသည်ထင် ရင်ခွင်ထဲ မျက်နှာ အပ်ကာာာ

"အားးးး ! ဦးဗျာ"ဟု အော်တော့သည်။

"ဟဟားး ငယ်ရယ် ရှက်စရာမှမဟုတ်တာ ကိုယ်တို့ ရဲ့ အမှတ်တရ ညလေးကို ပြပါဦး မျက်နှာလေးး"

"ဟာားး မကြည့်နဲ့ သွားဗျာာ"

"ဟားဟား ဟုတ်ပြီ ကိုယ်မစတော့ဘူးးနော် မရှက်နဲ့တော့ ဟုတ်ပြီလားးး"

‌ကျွန်တော့်ရဲ့ ငယ်လေးက သိပ်အရှက်အကြောက်ကြီးးတာဗျ!

"ငယ်ရေ.. " တော်တော်ကြာထိချော့နေရင်းမှ စိတ်ငြိမ်သွား၍ထင် မျက်နှာလေးပြန်ဖော်လာသည်။
ရဲတော့ရဲနေသေးသည်။

"နောက်အဲ့လိုကြီးထုတ်မပြောနဲ့နော် ဦး ! အမှတ်တရဆိုလဲ ဦးဘာသာရင်ထဲ သိမ်းထားး "

"ဟုတ်ပါပြီ သခင်မလေးရယ် အခုတော့ ကိုယ်ချီမယ်နော်"

"အင်းး ချီ ဟီးဟီး😁😁" လက်ကလေး နှစ်ဖက်မြောက်ကာ ချီခိုင်နေတဲ့ ငယ်လေးက နေရောင်ကြောင့်ပွင့်လန်းတဲ့ နေကြာပန်းကလေးလိုပင်🌻❤️

☀️မဟုတ်ဘူးး ကလေးက နေမင်းကြီး
ကိုယ်ကသာ ငယ့်ကို မျှော်ငေးရင်းး ပွင့်လန်းရတဲ့ နေကြာပန်းဖြစ်မှာာပါ🌻

*ချစ်လိုက်ရတာ ငယ်ရယ်*

__________________

ဒီနေ့ ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်းး မောင်းမကန် ကမ်းခြေကိုပြန်သွားမလို ပြင်ဆင်နေခြင်းဖြစ်သည်။

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now