Unicoad
အမေ လဲ မရှိတာကြောင့် ဟင်းကို နွေဦး ချက်ရပေမည်ပေါ့!
အရင်ဆုံး ရေခဲ့သေတ္တာထဲ က ကြက်သားကိုရေဆေး ပြီးး ဆားနနွင်းနယ်ရမယ်!
ကြက်သွန်ဖြူ ၊နီ အရင်ထောင်းရမယ်!
"ငယ်"
"အာ ဦးနောင် ငယ့်ကို ကြက်သွန်ခွာပေးးး"
"အင်းးး ပေး ကိုယ်လုပ်လိုက်မယ်"
"အင်းး ဒါဆို ငယ် ကြက်သား ကိုင်ဦးမယ်!"
နွေဦး လဲ ကြက်သားကို သေချာသန့်စင်အောင် ဆေးးနေတုန်းးး
"အ" ဆိုတဲ့ ဦးနောင်ရဲ့ အသံကြောင့် ပြာပြာသလဲ လှည့်ကြည့်မိတော့ လက်ညိုးး ကို ဖိကိုင်ထားတဲ့ ဦး။
"ဦး !!! ဘာဖြစ်တာလဲ .."
"ရပါတယ် ငယ်ရယ် ဦး ဘာမှ မဖြစ်ပါဘူးးး"
"ဟာာ သွေးတွေ!! ပေးပေး ငယ့်ကို "ဆိုကာ လက်ကို ကြည့်မိတော့ ပြက်ရှရာက ခပ်ကြီးကြီးးရယ်
ငယ်လဲ မတွေးးတော့ပဲ ... ပြတ်ရှရာက သွေးကို စုတ်ပေးးလိုက်ပြီးး အာငွေ့ပေးးလိုက်သည်။
ဘာလို့အဲ့လိုလုပ်လဲ မသိပေမဲ့။ နွေဦး ဓားရှတိုင်းး အဲ့လိုလုပ်နေကျပင်။
ဦးနောင် တယောက် ငယ်ပင်ပန်းမှာဆိုး၍ ကူလုပ်မည်ပြောပေမဲ့ ဘာမှတော့မလုပ်တတ်။ ကြက်သွန်ခွာတာလောက်တော့ဖြစ်မှာပါ!!!
ပထမတလုံးတော့ အဆင်ပြေသွားပေမဲ့ ဓားလှီးတာ အရှိန်လွန်ပြီးးး လက်ခလယ်ကို ဓားထိတာ နက်သွားသည်။*အ*ဆိုတဲ့ သံယောင်ကြောင့် ငယ်က ထိတ်လန့်သွားပုံပင်။ စိုးရိမ်နေတဲ့ ငယ့် မျက်နှာလေးကြောင့် နာ နေတာတောင် သတိမထားမိတော့!
ရုတ်တရက်ဆန်စွာ ငယ်ရဲ့ အပြုအမူကြောင့် ကြောင်အ သွားရသည်။
"ငယ် မရွံ ဘူးလားး"
"ရွံတယ်?? မရွံပါဘူး ရွံစရာမှ မရှိတာာကို"
ပြောနေတဲ့ နွေဦးး ကို ပြုံးပြုံးလေးသာာ ငေးးကြည့်နေသည်။
"ငယ်!" လက်ကို ပလာစတာ ကပ်ပေးနေတဲ့ နွေဦးကို ခေါ်လိုက်တော့
"ဗျာာ"ဟုထူးလာသည်။
"ချစ်တယ်"
"အာာ !! သွားတော့ ငယ့်ဘာသာ ဆက်လုပ်လိုက်တော့မယ် .. အကူအညီလဲ မရဘူးး သွားသွားး"
YOU ARE READING
အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)
RomanceUnicoad "ဘယ်နေရာရောက် ဘယ်အချိန်တွေရောက်ရောက် ဦး က ငယ့်ရဲ့ ဆုံမှတ်ပဲ! ဘာဆုံမှတ်လဲဆိုတော့ ငယ်ရဲ့ အချစ်တို့ရှင်သန်ရာ ဆုံမှတ် ဟီးဟီးး" _________________ "ကိုကို လို့ခေါ်ပါဆို ငယ်ရယ်" "မရဘူး ဦး ပဲ" သက်ဦးနောင် ❤️ နွေဦးငယ် ___________________ "ကိုယ် ငယ့်ကိ...