Unicoad
ကမ်းခြေကပြန်လာပြီး မြို့ထဲက ဟိုတယ်တခုမှာ check inဝင်ခဲ့သည်။
"ဟုတ်ကဲ့ အခန်း နံပါတ် ၃၈ပါဗျ"ဆိုကာ ကောင်တာက ကောင်လေးက သော့ပေးသည်။ထို့နောက်
"ဒီလမ်းကကြွပါ ဧည့်သည်"ဆိုကာ ဘေးမှာရပ်နေတဲ့ ဧည့်ကြိုကောင်လေးတယောက်က လမ်းပြခေါ်ဆောင်ရာနောက်
"ငယ် လာသွားရအောင်"ခရီးပန်းနေပုံပေါ်တဲ့ ကလေးငယ့်လက်ကို အသာဆွဲကာာ အခန်းစီလာခဲ့သည်။
ညနေ၃နာရီလောက်ကြီးမို့ ငယ့်ကို တရေးလောက်အိပ်ခိုင်းလိုက်သည်။
"ငယ် တရေးလောက်အိပ်နေလိုက်နော် ညနေ ကိုယ်နှိုးမယ် ဟုတ်ပြီလားး" ဆိုတော့
"အင်းး "ဟုသာဖြေနိုင်ရှာသည်။
"ဦးလဲ ငယ်နဲ့အတူအိပ်"
"အင်းပါ ကလေးရဲ့ အိပ်မှာပါ ငယ်အရင်အိပ်နော်!"
ဆိုကာ ချော့ပြီး receptionကိုပြန်လာကာ ညနေကျ နိုးရင် ငယ့်အတွက် နွားနို့တခွက် မှာထားခဲ့လိုက်သည်။
"ညကျမှ လာယူမယ်နော်"
"ဟုတ်ကဲ့ဗျ အခန်းနံပါတ် ၃၈နော် ..ညကျစီစဉ်ထားလိုက်မယ်ဗျ"
"ကျေးဇူးး"
အခန်းမပြန်ခင် ငယ်ကြိုက်တတ်တဲ့မုန့်လေးတွေတွေ့တာနဲ့ ဟိုတည် ရဲ့ storeမှာ ဝင်ဝယ်နေတုန်းး
ဘေးက အသံတချို့ကို အာရုံမစိုက်ပါပဲကြားလိုက်သည်။ ဝန်ထမ်းသစ်ကို မန်နေဂျာက ဆူနေသည်ထင်ပါ့..
*ဪ အစောက ဧည့်ကြိုကောင်လေးပဲ*
"မင်းကွာာ အလုပ်ဝင်တာမကြာသေးဘူး ပြသနာက ပေါင်းစုံရှာပြီးပြီ..အဲ့လိုပုံစံနဲ့ရှေ့ဆက်ဖြစ်ပါ့မလားးကွာ!"
"အာ ဂျာကြီးကလဲ ဖြစ်ပါတယ်ဗျ ..ကျွန်တော်နားကမဆိုသလောက်လေးထိုင်းတာပါဗျာာ အခုလဲ နားကြားလွဲလို့ မှားသွားတာကိုးးး ဦးလေးလဲသိသားနဲ့"
"အေးဟေ့ ခက်တယ်ဟ ငါ့တူဖြစ်နေလို့ကို ခက်နေတာ;!"
ဦးနောင်လဲ ကိုယ့်ကိစ္စ ကိုယ့်အကြောင်းမဟုတ်တာကြောင့် မုန့်ရွေးပြီး ငွေချေကာ တခါတည်းထွက်လာခဲ့သည်။
YOU ARE READING
အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)
RomanceUnicoad "ဘယ်နေရာရောက် ဘယ်အချိန်တွေရောက်ရောက် ဦး က ငယ့်ရဲ့ ဆုံမှတ်ပဲ! ဘာဆုံမှတ်လဲဆိုတော့ ငယ်ရဲ့ အချစ်တို့ရှင်သန်ရာ ဆုံမှတ် ဟီးဟီးး" _________________ "ကိုကို လို့ခေါ်ပါဆို ငယ်ရယ်" "မရဘူး ဦး ပဲ" သက်ဦးနောင် ❤️ နွေဦးငယ် ___________________ "ကိုယ် ငယ့်ကိ...