Part-18

2.7K 62 1
                                    

Unicoad

မနက်မိုးလင်းးတော့ ငယ်အစောကြီးးနိုးလာသည်။
ဘေးကိုကြည့်တော့ ဦးက အိပ်နေတုန်းပင်။

ဦးးကိုကြည့်ရင်းး ညက အဖြစ်အပျက်နဲ့ ကိုကိုလို့ခေါ်မိတာကို သတိရသွားကာာာ မျက်နှာပင်ပူလာရသည်။

"ကိုကို တဲ့လား!"ရှက်လွန်း၍မျက်နှာကိုလက်ဖြင့်အုပ်လိုက်မိသည်။

"ဗျာာာာ"

"ဟင် ဦးး နိုးနေတာလားး?"

"နိုးနေတာ မဟုတ်ဘူး နိုးသွားတာ ကလေးရဲ့ ကိုကို လို့ခေါ်သံကြောင့်"

"ဪ အဲ့ဒါဆိုလဲ ထ ထ တော့လေ အဟင်းး"

မျက်နှာကို ဟိုလွှဲဒီလွှဲဖြင့် မျက်နှာတင်မက နားဖျားလေးတွေပါ ရဲတက်နေ‌တာကြောင့် စချင်ပေမဲ့ မစတော့ပဲ အဓိက သိချင်နေတဲ့ အကြောင်းကိုသာမေးလိုက်သည်။

"ငယ် ကိုယ့်ကို ဘာလို့ ဦးလို့ခေါ်တာလဲဟင်"
မေးတော့ ကျွန်တော် မျက်နှာကို ပြန်ကြည့်လာကာာ ရှက်ဝဲဝဲဖြင့်

"ငယ်တို့ နှစ်ယောက်စလုံးထပ်တူကျတဲ့ နာမည်မလို့ "

"?"

"သက်ဦးနောင် ❤️နွေဦးငယ် ! ငယ်တို့ နှစ်ယောက် အမြဲ အတူရှိနေအောင်‌လို့လေ!"

"ဪ အဲ့ဒါကြောင့်လားးး ဟဟ
ကလေးလေက တတ်ကလေးးးပဲ လာပါဦးး နမ်းချင်လို့"

"ဟာ ဦးဗျာ မျက်နှာတောင်မသစ်ရသေးဘူးလေ!"

"ဘာဖြစ်လဲ ငယ်ရဲ့ ချစ်လို့ပဲဟာကိုး"

"ပြွတ်သ် "

"ဟာဗျာာ!"

"ဟားဟားး ကိုကိုလို့ ခေါ်ပါဦးး"

"မခေါ်ဘူးဗျာာာ "

"သွားဗျာ ဟာ ကလိမထိုးနဲ့လေ ယားတယ်လို့ ဟားဟားး"

မနက်ခင်းအချိန်ကိုတော့ ချစ်ဇနီးရဲ့ အသံသာသာဖြင့်ဖွင့်လှစ်သည်။

-------------

မနက်စာစားပြီးတော့ ငယ်က

"ဦးး အိမ်ပြန်ရအောင်နော် ငယ် ဒီမှာနေရတာ တမျိုးကြီးး"

"ဟင် နေများမကောင်းလို့လားငယ်"

နဖူးကိုစမ်းကြည့်တော့ ကိုယ်တော့မပူ

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now