Part-11

1.8K 74 1
                                    

Unicoad

ညနေတည်းခိုခန်းပြန်ရောက်တော့ အကုန်လုံးးလသာဆောင်မှာ စုထိုင်နေကျပြီးးး မုန့်တွေ့စားနေကျသည်။

အဖေကတော့ ဖုန်းပြောနေသည်။

"ဒါပေါ့ဗျာာ လာရမှာပေါ့ တိုက်ဆိုင်တာပဲကို ဟုတ်ပြီ ဟုတ်ပြီ မနက်ဖြန် ကျွန်တော့ ကလေးတသိုက်နဲ့ လာခဲ့မယ်ဗျ"
ဖုန်းချပြီးတော့ အမေကမေးသည်။

"ကိုလေး ဘယ်သူတုန်း"

"ဪ ကိုလေး ဒီမှာ အလုပ်လာလုပ်တုန်းက ရင်းနှီးခဲ့တဲ့ သူပါ သူ့အိမ်တက်မလို့တဲ့ ဖိတ်တာ "

"ဪ အဲ့ဒါ အကုန်လုံးကြီးသွားဖို့ သင့်တော်ပါ့မလား?"

"ဪ မိန်းမရယ် အလှူပဲ ဖိတ်တဲ့သူက ဖိတ်တာ သွားရမှာပေါ့"

စကားဝိုင်းတစတစ တိတ်ဆိတ်သွားတော့ နောက်ဆုံးကျန်ခဲ့သူက နွေဦးနဲ့ ဦးနောင်သာ ဖြစ်သည်။

ဦးနောင်က နွေဦးအနားးထိုင်နေရင်းး ငယ့်ရဲ့ လက်ချောင်းပုပုလေးတွေကို ဆော့ကစားနေသည်။

"ငယ်"

"ဗျာာ"

"ဒီမှာကြည့်"ဆိုကာာ ဦး ရဲ့လက်ထဲ မှာ ကိုင်ထားသည်က ဘူးလေးတဘူးး

"ဟင်?" မျက်ခုံးပင့်ကာာ 'ဘာလဲ 'ဟုမေးမိတော့

"အဟက်" ဦးကရယ်သည် ။ ထို့နောက်ဘူးလေးကို ဖွင့်ပြတော့ လက်စွပ်နှစ်ကွင်းးး

"ဘာလဲ ဦးရဲ့"

"က်ုယ့်ကို လက်ထပ်မယ်မလား?"

မျက်လုံးကြည်ကြည်တောက်တောက်လေး နဲ့မေးလာတော့

"လက်ထပ်မှာပေါ့ ဦးရဲ့ "

"အင်း ကတိဆိုတာ တည်ရတယ်နော် လပ်ထပ်မယ်ပြောပြီးပြီ ဆိုတော့ တသက်လုံးး ကိုယ့်အနားက မခွဲပဲအတူနေရမှာာ"

"ဟားဟား ဦးရယ် ဘာထဖြစ်ရတာလဲ "

"မသိဘူးကွာာ ဦးပြောတာပဲ နားထောင်".

"အယ်! ဟုတ်ပါပြီ ‌သဘောတော်အတိုင်းပါရှင့်"ဆိုတော့ ငယ့်လက်သန်းကြွယ်မှာ လက်စွပ်ကလေးစွပ်ပေးပြီးး လက်ကိုအနမ်းတပွင့်ပေးကာာ။

သူ့ကိုလဲ ပြန်ဝတ်ခိုင်းတယ်။ လိုချင်တာရတော့ ပျော်နေတဲ့ ဦးမျက်နှာက တောက်ပနေရောပဲ။

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now