Unicode
တစ်ခါတစ်လေမှာနွေးထွေးမှုတွေဟာပျောက်ကွယ်ဖို့အချိန်တစ်ခုကိုရောက်လာတတ်သည်။နွေးထွေးမှုတစ်ခုပျောက်ကွယ်ဖို့ကတစ်စုံတစ်ယောက်ကြောင့်လား။အချိန်တစ်ခုကြောင့်လားဆိုတာတော့မသိနိုင်ခဲ့ပေ။
နောင်ခရဲ့ဘဝမှာရခဲ့တဲ့နွေးထွေးမှုတွေကတော့တစ်စုံတစ်ယောက်ကြောင့်ပျောက်ကွယ်ဖို့နေ့တစ်နေ့ကိုရောက်လာခဲ့လေသည်။
နောင်ခတို့မိသားစုသည်ဒယ်ဒီ၊မေမေ၊မမနှင့်နောင်ခတို့ဖြင့်ပျော်ရွှင်ဖွယ်အတိဖြစ်သည်။သို့သော်တစ်စုံတစ်ယောက်ရောက်လာချိန်တွင်တော့နောင်ခ၏နေရာလေးမှာပျောက်ကွယ်ခဲ့ရလေသည်။
♥♥♥၂၀၀၇ခုနှစ် ဇန်နဝါရီလ ၂၀ရက်♥♥♥
ထိုနှစ်သည်နောင်ခသူငယ်တန်းတက်ရောက်နေခဲ့သောအချိန်ဖြစ်သည်။လအနည်းငယ်အတွင်းမှာပဲကျောင်းတော်ကြီးဟာလည်းပိတ်ချိန်ရောက်လို့လာပေတော့မည်။
ထိုအတူတစ်နှစ်တစ်ခါကျင်းပသောကျောင်းဆုပေးပွဲနှင့်ဆုံညီပွဲတော်ဟာလည်းကျင်းပရန်နှစ်ရက်သာလိုပေတော့သည်။ထိုနေ့ကနောင်ခသည်ဆရာမများပေးလိုက်သောဖိတ်စာအားယူရင်းအိမ်သို့လာကြိုသောကားဖြင့်ပြန်ခဲ့လေသည်။
"မေမေရေ၊ မေမေ"
နောင်ခသည်အိမ်ရှေ့တွင်ကားရပ်သည်ဆိုရင်ဖြင့်မေမေအားခေါ်ကာအပြေးလေးဆင်းလာခဲ့သည်။သို့သော်ယခင်နေ့များကဲ့သို့အိမ်ရှေ့တွင်စောင့်နေတတ်သောမေမေအားမတွေ့ရပေ။
"မေမေရေ မေမေ"
နောင်ခလေး၊ငါးခါလောက်ခေါ်ချိန်တွင်အသံတစ်သံမှာထွက်ပေါ်လာလေသည်။သို့သော်ထိုအသံသည်နောင်ခမျှော်လင့်နေသောသူ၏အသံတော့မဟုတ်ခဲ့ပေ။
"သားနောင် ပြန်လာပြီးလား။မမကြီးဆေးခန်းသွားတယ်"
နောင်ခတို့ရဲ့အိမ်တော်ထိန်းမှနောင်ခအော်သံကြောင့်ထွက်လာကာ၊နောင်ခ၏ကျောင်းလွယ်အိတ်အားယူရင်းဖြေလေသည်။နောင်ခတို့အိမ်တော်ထိန်းဒေါ်မြသည်ဒယ်ဒီ၏ဆွေမျိုးနီးစပ်တော်သူဖြစ်လေသည်။
"မေမေကနေမကောင်းဘူးလား⁉"
ဆေးခန်းဆိုတာနှင့်နောင်ခနေမကောင်းတိုင်းရောက်လာတတ်သောဆရာဝန်ကြီးကိုမြင်မိသောကြောင့်မေးလိုက်လေသည်။
YOU ARE READING
ကုစားချစ် [Completed]
Romancecover by Ohm_maung အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... started date: : 8.5.2021 End date: : 19.6.2021