👉18👈

789 47 4
                                    

Unicode

ထိုနေ့ကခလေးကနေခန့်တို့ကိုမုန်းသည်ဟုဆိုကာအခန်းထဲဝင်သွားသည့်အချိန်တွင်နေခန့်မှာအပြစ်အကုန်လုံးကိုအကိုအပေါ်လွှဲချရန်စိတ်ကူးလိုက်မိသည်။ခလေးရဲ့အမုန်းအားမခံနိုင်သောနေခန့်သည်နောက်ထပ်အပြစ်တစ်ခုကိုကျူးလွန်ခဲ့မိပြန်သည်။

"ခလေး မောင်ပြောတာကိုနားထောင်ပါအုန်းကွာ နော်"

နေခန့်အပြင်ဘက်မှဘယ်လို့ခေါ်ခေါ်ထွက်မလာသောခလေးကြောင့်ဆုံးဖြတ်ချက်မှာမှန်သည်ဟုထင်ခဲ့မိသည်။

"မောင်အမှန်တိုင်းပြောမယ်လေးနော် မောင့်ကိုတံခါးပွင့်ပေးပါ"

ထိုအခါမှအခန်းထဲမှခလေးရဲ့အသံကထွက်လာလေသည်။

"မင်း အပြင်ကနေပဲပြော ငါနားထောင်နေတယ်"

"အင်းပါ မောင်ပြောပြမယ် "

နေခန့်သည်အမှန်တစ်ဝက်အမှားတစ်ဝက်ပါနေသောအကြောင်းအရာတစ်ခုအားပြောပြမိလေသည်။

"အမှန်တော့ မောင်နဲ့အကိုနဲ့ကအရင်တုန်းကတွေ့ဖူးပါတယ်။ခလေးနိုင်ငံခြားကိုသွားတဲ့အချိန် မောင်သူငယ်ချင်းတွေနဲ့အရက်သောက်ရင်းဘားမှာရန်ဖြစ်ခဲ့မိတယ်...မောင် ဆေးရုံရောက်သွားတဲ့အချိန်မှာအကိုကလည်းအဲဆေးရုံမှာရှိနေတာနဲ့အကိုကိုကုပေးခဲ့တဲ့သူတွေထဲမှာပါခဲ့တယ်...မောင်ကအကို့ကိုကျေးဇူးရှင်မလို့ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာကိုအကိုကအထင်မှားပြီး...မောင်...အကို့ကိုကြိုက်နေတယ်ထင်ပြီး...မောင်ကိုဖွင့်ပြောခဲ့တယ်..."

နေခန့်ထိုအထိပြောကာခဏရပ်လိုက်မိသည်။အခန်းတွင်းမှခလေးကဘာမှပြောမလာသောကြောင့်နေခန့်မုသားကိုဆက်ပြောမိသည်။

"မောင်ကခလေးကိုပဲချစ်တာလေ...အဲဒါကြောင့်အကို့ကိုငြင်းခဲ့တယ်...ဒါပင်မဲ့အကိုကတော့ မောင်နောက်လိုက်ပြီးနှောက်ယှက်နေတုန်းပဲ...မောင်လည်းအကို့ကိုလျစ်လျူရှူထားလိုက်သည်...ဒီနေ့အကို့ကိုပြန်တွေ့တော့မောင်အရမ်းအံ့သြသွားတယ်...ပြီးတော့...အကိုကမောင်ကိုမေးတယ်...ခလေးအစားသူ့ကိုဘာလို့လက်မထပ်တာလဲတဲ့...မောင်လည်းငြင်းလိုက်တာပေါ့...အမှန်ကခလေးမြင်ခဲ့တာက အကို့ကိုမောင်တို့ကိုဆက်ပြီးမနှောက်ယှက်ဖို့ပြောနေတာပါ ခလေးကအမြင်မှားသွားတာ "

ကုစားချစ် [Completed]Donde viven las historias. Descúbrelo ahora