👉9👈(2017)

726 42 0
                                    

Unicode

ထိုအချိန်မှစ၍မေမေရဲ့သေဆုံးခြင်းကိုနောင်ခကြောင့်ဟုသာသတ်မှတ်ခဲ့လေသည်။မေမေရဲ့နောက်ဆုံးအချိန်ကိုလည်းနောင်ခမှာမြင်တွေ့ခွင့်မရခဲ့ပေ။

နောင်ခရဲ့ညီငယ်လေးကိုဒယ်ဒီတို့က မင်းသွန်းခ ဟုအမည်ပေးခဲ့လေသည်။မင်းသွန်းသည်မွေးရာပါနှလုံးသွေးကြောကျဉ်းရောဂါပါလာခဲ့လေသည်။ထို့ကြောင့်အစစအရာရာဂရုစိုက်ခဲ့ရလေသည်။

နောင်ခသည်လည်းမင်းသွန်းအားတစ်ခါတစ်လေအားနာမိလေသည်။မင်းသွန်းမှာနောင်ခကြောင့်မေမေအားငယ်ငယ်တည်းကမတွေ့ခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့်နောင်ခသည်မင်းသွန်းအားရှောင်နေတတ်ပြီးမင်းသွန်းရှိသောနေရာတွင်လည်းမနေခဲ့ပေ။

နောင်ခရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးပိုးမှာလည်းနောင်ခကိုအလွန်ကိုအားနာနေလေသည်။ထို့ကြောင့်အမြဲကျောင်းတွင်နောင်ခတို့နှစ်ဦးသားတစ်ဦးအပေါ်တစ်ဦးကူညီစောင့်ရှောက်ကြလေသည်။

တစ်ချို့လူများမှာနောင်ခနှင့်ပိုးအားအတွဲများဟုထင်မှတ်နေကြလေသည်။သို့သော်နောင်ခအတွက်တော့ပိုးသည်ညီမလေးတစ်ယောက်သာဖြစ်သလို၊ပိုးအတွက်လည်းနောင်ခသည်အကိုတစ်ယောက်လိုသာဖြစ်သည်။

နောင်ခတို့တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးချိန်တွင်တော့နောင်ခနှင့်ပိုးမှာခွဲဖို့အချိန်ရောက်လာခဲ့လေသည်။နောင်ခတို့တက္ကသိုလ်စာမေးပွဲများအောင်စာရင်းထွက်တယ်ဆိုရင်ဖြင့်နောင်ခနှင့်ပိုးမှာခြောက်ဘာသာဂုဏ်ထူးဖြင့်အသီးသီးအောင်မြင်ခဲ့ကြလေသည်။

ပိုးရဲ့မိဘများကနောင်ခနှင့်ပိုးအတွက်ဂုဏ်ပြုညစာစားပွဲအားကျင်းပပေးခဲ့လေသည်။နောင်ခ၏ဒယ်ဒီနှင့်နောင်ခ၊မေမေဆုံးပါးချိန်မှစကာစကားမပြောခဲ့ကြပေ။ဒယ်ဒီသည်လည်းနောင်ခအားစကားမပြောသလိုနောင်ခသည်လည်းဒယ်ဒီအားသွားမတွေ့ခဲ့ပေ။

"ကိုညီရယ် ငါတို့နှစ်ယောက်အတွက်လုပ်တဲ့ပွဲကိုနင်မတက်ရင်ဘယ်ကောင်းမလဲ။လာပါဟာ"

ပိုးရဲ့မိဘများစီစဉ်ပေးသောနောင်ခနှင့်ပိုးတို့၏ဂုဏ်ပြုပွဲအားနောင်ခကိုလာခေါ်နေပါသောပိုးကြောင့်နောင်ခမှာအတော်ပင်စိတ်ညစ်နေရလေသည်။

ကုစားချစ် [Completed]Donde viven las historias. Descúbrelo ahora