👉15👈

755 46 0
                                    

Unicode

နောင်ခနှင့်ရှိုင်းဆေးရုံထဲအရောက်တွင်ပြုံးစိစိဖြင့်ကြည့်နေကြသောသူများကြောင့်ဟိန်းသစ်တို့လက်ချက်မှန်းသိလိုက်လေသည်။

"အဲဒါ မင်းကြောင့်"

နောင်ခ၊ရှိုင်းအနားကပ်ကာပြောလိုက်လေသည်။

"ကိုယ့်ဘာလုပ်လို့လဲ⁉"

နောင်ခကိုပြန်မေးနေသောရှိုင်းကိုမျက်စောင်းထိုးရင်းရှိုင်းအနားကပ်ပြောလိုက်သည်။

"မင်းကငါ့နောက်ကလိုက်လာတာကို"

"ကိုယ်ကညီခလေးနောက်ပဲလိုက်ချင်နေတာကိုဘယ်လို့လုပ်ရမှာလဲ"

နောင်ခနှင့်ရှိုင်းမှာလမ်းလျှောက်ရင်းတတွတ်တွတ်ပြောသွားလေသည်။

ထိုနှစ်ယောက်မှာကြည့်နေသူများကိုအထင်လွဲစေသည်။ထိုပုံရိပ်တို့အားအချို့မှာအမိအရရိုက်ယူနေကြလေသည်။

နောင်ခနှင့်ရှိုင်းစကားပြောလာရင်းနောင်ခတို့ဌာနအရောက်တွင်လိုက်ဝင်ရန်လုပ်နေသောရှိုင်းကြောင့်တားရလေသည်။

"မင်းကဘယ်ဝင်မလို့လဲ"

"ရောက်ပြီးလား ညီခလေးအရင်ဝင်လေ"

"ငါကလေးမဟုတ်တော့ဘူး သွားတော့"

"ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်မျိုးသွားပါတော့မယ်"

ရှိုင်းသည်လက်နှစ်ဖက်ကိုရင်ဖက်တွင်ထားကာခါးအနည်းငယ်ညွှန့်ရင်းနောင်ခကိုပြောလေသည်။

နောင်ခလည်းရှိုင်းကိုအနည်းငယ်ပြုံးကြည့်ကာကျော်ပြီးဆရာဝန်များနားနေခန်းထဲသို့ဝင်လိုက်လေသည်။

ရှိုင်းသည်တော့သူဌာနသို့ပြန်သွားလေသည်။သေချာသည်ကတော့အားတာနှင့်နောင်ခစီရောက်လာမည်သာဖြစ်သည်။

နောင်ခမှာဆရာဝန်များနားနေဆောင်သို့ရောက်သည်နှင့်ထိုင်တောင်မထိုင်ရသေးပေ။အခန်းတွင်းမှဖုန်းမြည်လာသောကြောင့်ကိုင်လိုက်ရလေသည်။

ကုစားချစ် [Completed]Donde viven las historias. Descúbrelo ahora