Unicode
နောင်ခတို့ဆေးရုံရောက်ချိန်၌ယခင်လိုပဲနောင်ခကအရင်ကားပေါ်မှဆင်းလိုက်သည်။
"ငါအရင်သွားပြီးနော်"
နောင်ခ၊ရှိုင်းကိုထိုတစ်ခွန်းသာပြောကာထွက်လာခဲ့သည်။တစ်လမ်းလုံးရှက်စိတ်ကြောင့်ယခင်လို့ဆေးအကြောင်းတွေလည်းမဆွေးနွေးဖြစ်ခဲ့လေ။
"အကို "
နောင်ခ၊ရှိုင်းကားပေါ်ကအမြန်ဆင်းကာလျှောက်လာချိန်ခေါ်သံတစ်ခုကြောင့်ရပ်လိုက်ရသည်။
"ကျွန်တော်တောင်းပန်ပါတယ် "
နောင်ခစီကစကားသံထွက်မလာသောကြောင့်နေခန့်ကသာဆက်ပြောသည်။
"ဘာလို့မင်းသွန်းကိုအဲလို့ပြောခဲ့တာလဲ"
နောင်ခအသိချင်ဆုံးမေးခွန်းအားမေးလိုက်မိသည်။
"အကိုကခလေးနဲ့အနေဝေးတော့ ခလေးစိတ်ကိုနားမှမလည်တာ ခလေးသာကျွန်တော်နဲ့အကိုကအဲအချိန်ကတွဲခဲ့ပြီး ခလေးပြန်လာမှအကို့ကိုကျွန်တော်ကဖြတ်ခဲ့မှန်းသိရင် သူကျွန်တော်ကိုပြန်လက်ခံမှာမဟုတ်ဘူး"
နောင်ခရဲ့အမေးအားနေခန့်ကနောင်ခကိုကြည့်ရင်းပြန်ဖြေလာသည်။
နေခန့်ပြောသည်မှာလည်းအမှန်ပင်ဖြစ်သည်။ငယ်ငယ်တည်းကမင်းသွန်းရဲ့အဝေးမှာနေခဲ့သောနောင်ခသည်နောင်ခရဲ့ညီငယ်လေးဘာကြိုက်တတ်မှန်းတောင်မသိခဲ့ပေ။
"အချိန်တစ်ခုရောက်ရင်အမှန်တရားတွေသိမှာပဲကိုမင်းမတွေးခဲ့ဘူးလား"
နောင်ခနောက်ထပ်အမေးစကားတစ်ခွန်းမေးမိလိုက်သည်။
"ကျွန်တော်အဲအချိန်ကခလေးစိတ်မဆိုးဖို့ကိုပဲတွေးခဲ့မိတာ ပြီးတော့အကိုသာအဲနေ့ကမပြန်သွားခဲ့ရင် အမှန်ကိုပြောမဲ့အစားခလေးအမုန်းကိုပဲခံမှာမှန်းကျွန်တော်သိနေတယ်လေ "
နေခန့်အပြောကြောင့်နောင်ခပြုံးလိုက်မိသည်။မဲ့ပြုံးတစ်ခုဟုပြောရမည်။
'တော်ပါတယ်နေခန့် မင်းကလူစိတ်ကိုဖတ်တဲ့နေရာမှာအရမ်းကိုတော်တာပဲ'
YOU ARE READING
ကုစားချစ် [Completed]
Romancecover by Ohm_maung အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... started date: : 8.5.2021 End date: : 19.6.2021