👉17👈

763 42 0
                                    

Unicode

တီးလုံးသံငြိမ့်ငြိမ့်လေးထွက်ပေါ်နေသောဘားတစ်ခုတွင်ဖြစ်သည်။ဆယ်ကျော်သက်ကောင်လေးသုံးယောက်မှာအတူတူထိုင်ရင်းဘီယာများသောက်နေကြသည်။

"ငါ့ဘာအပြစ်လုပ်လို့ ခလေးက ထားသွားရတာလဲ"

ထိုဆယ်ကျော်သက်ကောင်လေးသုံးယောက်မှတစ်ယောက်ကပြောကြားလိုက်ခြင်းဖြစ်သည်။သူကတော့အခြားမဟုတ်နေခန့်သာဖြစ်သည်။

နေခန့် ၊ခလေးတို့အိမ်သို့သွားကြည့်ရာခလေးမှာလွန်ခဲ့တဲ့တစ်ပတ်တည်းကနိုင်ငံခြားသွားကြောင်းသိလိုက်ရသည်။နေခန့်ကိုစိတ်ဆိုးလို့စနေခြင်းဖြစ်မည်ဟုမျှော်လင့်သမျှဟာအကုန်ပျက်ဆီးသွားလေသည်။

"ဟုတ်တယ် ငါတို့ကောင်ကြီးကိုဒီလို့ထားခဲ့လို့ရမလား"

နေခန့်ရဲ့သူငယ်ချင်း ကောင်းကင် ကလည်းထောက်ခံစကားကိုပြောနေလေသည်။

"မင်းတို့တွေအရမ်းမသောက်ကြနဲ့လေ"

နေခန့်တို့အား တိမ်တိုက် ကတားနေသော်လည်းနားမထောင်ခဲ့ကြပေ။

"တော်စမ်းပါ ငါခလေးကိုမေ့နိုင်အောင်လို့ ဒီအရက်ပဲသောက်ရမှာ"

"အသည်းကွဲနေပါတယ်ဆို အရက်မသောက်လို့ ရေသောက်နေရမှာလား"

ကောင်းကင်စကားအားထောက်ခံတဲ့အနေဖြင့်နေခန့်အရက်ခွက်ကိုမြှောက်ပြလိုက်သည်။

"အမှန်ပဲ"

"တားမရလည်းသောက်ကြကွာ"

နေခန့်တို့ကိုပြောမနိုင်သောကြောင့်တိမ်တိုက်သည်ဝိုင်သာသောက်နေလေသည်။

နေခန့်တို့သောက်ပြီးတော်တော်မူးနေချိန်တွင်တိမ်တိုက်ကတားသဖြင့်ပြန်ဖို့လုပ်ကြလေသည်။

နေခန့်တို့ဘားမှအထွက်တွင်အပြင်ကဝင်လာသောအဖွဲ့နှင့်တိုက်မိလေသည်။

"မင်းတို့လူလာတာမမြင်ဘူးလား"

နေခန့်နှင့်ကောင်းကင်အားတွဲထားသောတိမ်တိုက်သည်အခြားဘက်အားတောင်းပန်နေသံကိုကြားလိုက်ရသည်။

"တောင်းပန်ပါတယ်ဗျာ ကျွန်တော်သူငယ်ချင်းတွေကအရမ်းမူးနေကြလို့"

ကုစားချစ် [Completed]Where stories live. Discover now