👉12👈

666 43 0
                                    

Unicode

မိုးရေစက်များကကမ္ဘာမြေသို့အငြိုးအတေးများစွာဖြင့်ရွာချနေလေသည်။

ရန်ကုန်မြို့၏လမ်းမပေါ်တွင်ကားလေးတစ်စီးဟာအလျင်အမြန်ဖြင့်ရွေ့လျားနေသည်။ထိုကားလေးထဲတွင်မိုးရေများစိုရွှဲနေသောကောင်လေးတစ်ယောက်ရှိသည်။အခြားမဟုတ်နောင်ခသာဖြစ်သည်။

စိုရွဲနေသောအဝတ်အစားများကမိုးရေထဲတွင်မည်မျှနေခဲ့မှန်းမသိနိုင်တော့ပေ။နှာခမ်းသားလေးများဟာလည်းအေးမြသောမိုးရေကြောင့်တုန်ရည်းနေလေသည်။မျက်ဝန်းများကလည်းငိုကြွေးထားမှုကြောင့်နီရဲလျက်ရှိလေသည်။

ကားလေးသည်နောင်ခနေထိုင်သောကွန်ဒိုသို့ရောက်သည်ဆိုလျှင်ဖြင့်ကားပါကင်သို့သွားရောက်ရပ်နားလိုက်လေသည်။ထို့နောက်ကားထဲမှနောင်ခထွက်လာလေသည်။တစ်ဆက်တည်း၎င်း၏အခန်းသို့တက်သွားလေသည်။

အခန်းတံခါးကိုဖွင့်လိုက်တယ်ဆိုလျှင်အမှောင်တို့ကြီးစိုးနေသောအခန်းကနောင်ခကိုကြိုဆိုလိုက်လေသည်။တံခါးဘေးတွင်ရှိသောမီးခလုတ်အားဖွင့်ကာဖိနပ်ချွတ်၍ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်လေသည်။ကိုယ်ခန္ဓာမှစီးကျနေသောရေစက်များကဆိုဖာပေါ်သို့ကျရောက်သွားလေသည်။

'နောင်ခကိုမေတ္တာတွေပေးတုန်းကပေးကြပြီးတော့နောင်ခတွယ်တာမိချိန်တွင်တော့အဘယ်ကြောင့်ပြန်ယူကြရတာလဲ'

နောင်ခတွေးရင်းဖြင့်ဝမ်းနည်းစိတ်တို့ကကြီးဆိုးလာလေသည်။နောင်ခငယ်ငယ်ကမင်းသွန်းကြောင့်ဒဏ်ရာရခဲ့စဉ်ငိုကြွေးမိချိန်ကဒယ်ဒီက'ယောက်ျားလေးဆိုတာမျက်ရည်မကျရဘူး'ဟုနောင်ခကိုပြောကာဆူပူခဲ့လေသည်။

ထိုအချိန်မှစ၍မငိုတော့ပါသောနောင်ခသည်ယခုအချိန်တွင်တော့ 'ယောက်ျားလေးလည်းလူသားတစ်ယောက်ပါ' လို့ဒယ်ဒီအားပြောကာငိုကြွေးလိုက်ချင်မိသည်။

ယခုအချိန်တွင်မေမေရှိသေးပါကနောင်ခအားနှစ်သိမ့်မှုတို့ပေးမည်လားဟုနောင်ခတွေးမိလေသည်။

နောင်ခထိုအတိုင်းဆိုဖာပေါ်တွင်အိပ်ပျော်သွားရာမနက်တွင်ဖျားလေတော့သည်။တစ်ယောက်တည်းနေထိုင်သောနောင်ခအတွက်ပြုစုပေးမယ့်သူလည်းမရှိပေ။ကိုယ်တိုင်ဆေးသောက်ကာအိပ်ပျော်အောင်အိပ်လိုက်လေသည်။

ကုစားချစ် [Completed]Where stories live. Discover now