👉16👈

735 45 0
                                    

Unicode

အချိန်တွေဟာတရွေ့ရွေ့ကုန်ဆုံးလို့နေလေသည်။နှစ်ဟောင်းကုန်ကာနှစ်သစ်လည်းရောက်လို့လာခဲ့ပေပြီး။

နောင်ခကိုရှိုင်းပြန်လိုက်ပို့ပေးသည့်နေမှစကာနောင်ခတို့၏ဆက်ဆံရေးမှာပိုပြီးတိုးတက်လာခဲ့လေသည်။

မနက်ခင်းတိုင်းအကြောင်းအမျိုးမျိုးပြကာရှိုင်းကနောင်ခအားလာခေါ်သလို့၊ညနေ့ပြန်ချိန်များတွင်လည်းနောင်ခကိုလိုက်ပို့တတ်သေးသည်။

တစ်ခါတစ်ရံနောင်ခညဂျူတီကျချိန်များတွင်နောင်ခအားစောင့်နေတတ်သေးသည်။

ထိုအပြင်ပိုး၏မကြာမကြာအောင်သွယ်မှုများကိုလည်းနောင်ခခံ​နေရသေးသည်။

နောင်ခ၊ဒယ်ဒီကိုလည်းမင်းသွန်းတို့မရှိချိန်တွင်သွားကြည့်တက်သေးသည်။တစ်လကျော်ကြာကိုမာဝင်နေသောဒယ်ဒီသည်ယခုအချိန်ထိပြန်မနိုးသေးပေ။

ဒီနေ့လည်းနောင်ခ၊မင်းသွန်းတို့မရှိချိန်တွင်ဒယ်ဒီအခန်းတွင်းသို့တိတ်တိတ်လေးရောက်လာခဲ့သည်။

နောင်ခ၊ဒယ်ဒီအခြေအနေကိုတစ်ချက်ကြည့်လိုက်လေသည်။ကောင်းမွန်သည်ကိုတွေ့မှနောင်ခ၊ဒယ်ဒီဘေးတွင်ထိုင်လိုက်လေသည်။

ထို့နောက်ဒယ်ဒီလက်လေးအားကိုင်ကာနောင်ခ၊ဒယ်ဒီကိုစကားပြောနေမိသည်။

"ဒယ်ဒီအခုထိအိပ်နေအုန်းမှာလား။မင်းသွန်းကိုထပြီးစောင့်ရှောက်ပေးရအုန်းမယ်လေ။ဒယ်ဒီ သားကိုစကားတွေအများကြီးပြောဖို့ကိုလည်းမျှော်လင့်နေတုန်းပဲ။ဒယ်ဒီ သားကိုဆူဖို့အမြန်နိုးလာတော့နော်"

နောင်ခ၊ဒယ်ဒီလက်လေးအားအသာပြန်ချရင်းအခန်းတွင်းမှထွက်လာခဲ့သည်။

နောင်ခအခန်းထဲမှထွက်ရန်အဖွင့်တွင်မထင်မှတ်ထားသောလူတွေအားတွေ့လိုက်ရသည်။အခြားမဟုတ်မမမေသွန်း၊အကိုဘုန်း၊သားသားဘုန်းသွန်း၊မင်းသွန်းနဲ့အတူနေခန့်တို့ကိုပဲဖြစ်သည်။ထို့အပြင်နောင်ခတစ်ခါမှမမြင်ဖူးသောသုံးနှစ်လောက်ရှိသည့်ကလေးမလေးတစ်ယောက်လည်းပါလေသည်။

နောင်ခမှာလူအစုံတွေ့လိုက်ရသောကြောင့်အံ့သြမိသလို။အခြားတစ်ဘက်မှလူများမှာလည်းနောင်ခကိုအံ့သြစွာကြည့်နေလေသည်။

ကုစားချစ် [Completed]Where stories live. Discover now