👉11👈

638 39 0
                                    

Unicode

တစ်ပတ်ကြာပြီနောက်မင်းသွန်းသည်အင်္ဂလန်သို့ဆေးသွားကုလေသည်။နောင်ခလည်းလိုအပ်တာများလုပ်ပေးပြီးလေဆိပ်သို့လိုက်ပို့ခဲ့လေသည်။

နောင်လတို့မှာအလုပ်သင်ဆရာဝန်များဖြစ်သောကြောင့်ဟိုဆရာဝန်ကြီးနောက်လိုက်ရ၊ဒီဆရာမကြီးနောက်လိုက်ရနှင့်အတော်ကိုပင်ပန်းလှပေသည်။

ယနေ့တွင်ဦးခေါင်းထိခိုက်ဒဏ်ရာနှင့်ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ
ရထားပါသောလူနာတစ်ဦးအားဆရာဝန်ကြီးများကသွားကြည့်ချိန်တွင်နောင်ခတို့ပါလိုက်ပါရလေသည်။

< အုန်း ခလွမ်း >

နောင်ခတို့အခန်းရှေ့ရောက်ချိန်တွင်အခန်းထဲမှအသံများကြောင့်လန့်သွားရလေသည်။လူနာအားစိတ်ပူသောကြောင့်နောင်ခအပါအဝင်ဆရာဝန်များမှာပြေးဝင်သွားလိုက်လေသည်။

အခန်းထဲအရောက်တွင်တွေ့ရသည်မှာပြန့်ကျဲနေသောဆေးပုလင်းနှင့်ပန်းအိုးတို့ဖြစ်လေသည်။ထို့အပြင်မြေပေါ်တွင်လဲကျနေသောသူနာပြုဆရာမလေးတစ်ယောက်နှင့်ဆေးထိုးအပ်တို့အားလည်းတွေ့ရလေသည်။

လူနာသည်၁၆၊ ၁၇နှစ်ခန့်သာရှိအုန်းမည်ဖြစ်သည်။အရွယ်ရောက်ကာစလူငယ်တစ်ယောက်၏ပုံစံများပေါ်လွင်နေလေသည်။မျက်ခုံးထူထူများကကုတ်ထားသောကြောင့်မလိုမကျကြောင်းထင်ရှားလေသည်။ဆံပင်အုတ်အုတ်တို့ကဖွထားသောကြောင့်ရှုပ်နေလေသည်။ဘေးတစ်စောင်းအနေအထားနှင့်တောင်ထိုကောင်လေးမှာချောမောလှပေသည်။

ဆရာဝန်ကြီးကသူနာပြုလေးအားဘာဖြစ်တာလဲဟုမျက်နှာရိပ်ဖြင့်မေးလေသည်။

"ဟို..ဟို..လူနာကိုဆေးထိုးပေးရမဲ့အချိန်မလို့ကျွန်မကဆေးလာထိုးပေးတာ၊လူနာကလက်မခံပဲကျွန်မကိုတွန်းလွှတ်လိုက်တာပါ"

ထို့အခါဆရာဝန်ကြီးကထိုကောင်လေးအားကြည့်ကာမေးလေသည်။

"ဘာလို့ဆေးမထိုးချင်ရတာလဲ"

ဆရာဝန်ကြီးရဲ့အမေးကိုထိုကောင်လေးကပြန်ဖြေလေသည်။

"မထိုးချင်လို့ပေါ့ဗျာ။ကျွန်တော်ဆေးရုံဆင်းမယ်"

ကုစားချစ် [Completed]Donde viven las historias. Descúbrelo ahora