Unicode
နောက်တစ်နေ့နောင်ခနိုးလာချိန်တွင်နံနက်အချိန်ရောက်လို့နေပေပြီးဖြစ်သည်။မနေ့ကဒယ်ဒီရဲ့လုပ်ရပ်အားနောင်ခမှာနားမလည်နိုင်ဖြစ်သောကြောင့်မေးကြည့်ချင်လေသည်။ထို့ကြောင့်ဒယ်ဒီအားရှာရန်နောင်ခကုတင်ပေါ်မှအထတွင်အခန်းထဲဝင်လာသောမမ မေသွန်းခ အားတွေ့ရလေသည်။
"နောင်ခလေး နိုးနေပြီးလား"
မမသည်အပ်ကွဲနေသောအသံဖြင့်နောင်ခအားမေးလာလေသည်။မမထိုသို့ဘာကြောင့်ဖြစ်နေမှန်းနောင်ခနားမလည်ပေ။အင်္ဂလန်သို့ရောက်နေသောမမသည်လည်းအဘယ့်ကြောင့်ပြန်ရောက်နေရသလဲဆိုတာနောင်ခမတွေးတတ်ပေ။ထို့အပြင်ဒယ်ဒီအကြောင်းအားမမသိမည်ထင်သောကြောင့်မေးကြည့်မိလေသည်။
"မမ ဒယ်ဒီကလေ...."
"နောင်ခလေး ဒယ်ဒီကစိတ်ထိခိုက်နေလို့ပါ။နောင်ခလေးကိုချစ်ပါတယ်နော် "
နောင်ခစကားမဆုံးခင်ဖြတ်ပြောလိုက်သောမမကြောင့်နောင်ခမှာနားမလည်နိုင်ပေ။အဘယ်ကြောင့်ဒယ်ဒီကစိတ်ထိခိုက်ရပါသလဲဟူသောမေးခွန်းများမှာနောင်ခခေါင်းထဲသို့တိုးဝင်လာလေသည်။
"အခုနောင်ခလေး ညီလေးကိုသွားကြည့်မလား"
နောက်ထပ်မမရဲ့အပြောအားနောင်ခပိုလို့တောင်နားမလည်မိပေ။နောင်ခမေမေမှာမွေးဖို့သုံးလလောက်လိုသေးသည်ဟုဒေါ်မြကပြောထားခြင်းဖြစ်သည်။ယခုဘယ်ကညီလေးရောက်လာရပါသနည်း။
"မေမေကမွေးပြီးလား မမ။ဒေါ်မြပြောတော့လိုသေးတယ်ဆို "
နောင်ခနားမလည်သောမေးခွန်းကိုမမကိုမေးကြည့်မိသော်လည်းပြန်လည်းဖြေကြားသံကိုမကြားရပေ။
"မမ...သားမေးတာကိုဖြေအုန်းလေ"
ထိုအခါမှမမမှာနောင်ခကိုကြည့်လာလေသည်။
"အင်း နောင်ခလေး မေမေကမွေးပြီး။အခုညီလေးကိုသွားကြည့်ရအောင်နော်"
"ဟုတ်မမ"
နောင်ခ၊မမခေါ်ရာနောက်သို့လိုက်ရင်းညီလေးအားတွေ့ချင်စိတ်ဖြင့်စိတ်လှုပ်ရှားလာရလေသည်။ထို့နောက်ကလေးသေးသေးလေးအားထည့်ထားပါသောမှန်သေတ္တာငယ်လေးရှေ့ကိုရောက်သွားလေသည်။
ESTÁS LEYENDO
ကုစားချစ် [Completed]
Romancecover by Ohm_maung အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... started date: : 8.5.2021 End date: : 19.6.2021