Unicode
ဆောင်းဟေမာန်နတ်သမီးရဲ့ကလူကျည်စားမှုကြောင့်နှင်းမှုန်၊နှင်းပွင့်တို့ပျံ့လွှင့်နေသောမနက်ခင်းတွင်ဖြစ်သည်။ ရွှေနှင်းဆီ ကွန်ဒို၏အခန်းတစ်ခုအတွင်းတွင်ကောင်လေးတစ်ယောက်မှာစောင်များဖြင့်လုံးထွေးလျက်ရှိသည်။ဖြူဖွေးသောအသားအရည်နှင့်မဲနက်သောဆံကေသာတို့မှာစောင်ထဲမှဟိုတစ်စ၊ဒီတစ်စထွက်နေလေသည်။
အအေးဓာတ်ကိုရလိုက်သောကြောင့်လားမသိပေ။ထို့ပိုးဟပ်ဖြူလေးမှာလူးလိမ့်ထလာလေသည်။ထို့နောက်အညိုရောင်မျက်ဝန်းကျယ်လေးများမှာဖွင့်ဟလာပြီးဘေးတစ်ဖက်မှဖုန်းအားယူကြည့်လိုက်လေသည်။
"အင်း...ဒီအချိန်သွားမှနေ့လည်မတိုင်ခင်ရောက်မှာ"
ဖုန်းမှနာရီအားကြည့်ကာတစ်ကိုယ်တည်းရေရွက်လိုက်သူကတော့အခြားမဟုတ်နောင်ခသာဖြစ်သည်။
"ငါမနေ့ကမူးနေလို့ပဲမိုက်ရူးရဲဆန်တဲ့အလုပ်တွေလုပ်ခဲ့တာနေမယ်"
ထိုစကားတို့အားပန်းရောင်ခြယ်သောမျက်နှာဖြင့်ပြောလိုက်လေသည်။
ထို့နောက်အခန်းတွင်းအပူချိန်မြင့်ကာရေချိုးခန်းအတွင်းသို့ဝင်ရောက်သွားလေသည်။
၁၅မိနစ်ကြာပြီနောက် ရေချိုးခန်းထဲမှသပတ်တစ်ထည်ပတ်ရငး်နောင်ခပြန်ထွက်လာလေသည်။
ဦးခေါင်းလုံးလုံးထက်ကဆံမဲလေးများပေါ်တွင်တွဲလောင်းခိုနေသောရေစက်များကြောင့်ခေါင်းလျှော်လာဟန်တူသည်။နူးညံ့သောအသားအရေလေးများထက်တွင်လည်းရေစက်များကအနည်းငယ်နေရာယူထားလေသည်။
လည်ပင်းပေါ်တွင်တင်ထားသောသပတ်တစ်ထည်ဖြင့်ရေစက်တို့အားကုန်စင်အောင်သုတ်ပြီး၊အဝတ်ဗီဒိုထဲမှအဝတ်အစားအချို့အားထုတ်ယူဝတ်ဆင်လိုက်လေသည်။
ထို့နောက်စားပွဲပေါ်တွင်တင်ထားသောကားသော့၊ဖုန်း၊ဆေးပစ္စည်းများနှင့်အတူအခြားလိုအပ်တာများအားယူကာထွက်လာခဲ့သည်။
ဧည့်ခန်းထဲရှိစားပွဲပေါ်တွင်ထိုပစ္စည်းတို့အားချကာရေခဲသေတ္တာထဲတွင်ရှိသောပေါင်းမုန့်အားယိုသုတ်၍စားလိုက်သည်။နောက်အသင့်သောက်နွားနို့ပုလင်းအားအဖုံးဖွင့်ကာဒီအတိုင်းသာမော့သောက်လိုက်လေသည်။
KAMU SEDANG MEMBACA
ကုစားချစ် [Completed]
Romansacover by Ohm_maung အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... အချစ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုဘယ်လို့အရာကများကုစားပေးနိုင်မလဲ...... started date: : 8.5.2021 End date: : 19.6.2021