Final Extra

1.2K 53 0
                                    

Unicode

မိုးနတ်သားရဲ့ဒေါသကြီးနေသောအချိန်တစ်ခုတွင်ဖြစ်သည်။နောင်ခသည်မန္တလေးဆေးရုံတစ်ခုမှကျင်းပသောဆရာဝန်များစုဝေးပွဲသို့ရောက်နေလေသည်။ဆေးရုံနှင့်နီးသောဟိုတယ်တစ်ခုတွင်ဆရာဝန်များနားနေရန်စီစဉ်ပေးထားလေသည်။

နောင်ခနှင့်ရှိုင်းအတူတူလာရောက်ကြခြင်းဖြစ်သည်။သို့သော်ရှိုင်းကအခြားသူများရဲ့ဆွဲထားမှုကြောင့်ယခုထိအခန်းထဲသို့ပြန်မရောက်သေး။အပြင်မှာမိုးတွေသည်းနေသောကြောင့်နောင်ခ၊ရှိုင်းကိုစိုးရိမ်လာရသည်။

နောင်ခမှေးခနဲအိပ်ပျော်သွားစဉ်မြင့်တက်သွားသလိုဖြစ်သွားသောခန္ဓာကိုယ်ကြောင့်မျက်ဝန်းတို့ဖွင့်လိုက်သည်။ရှိုင်းဖြစ်နေလေသည်။

"ပြန်လာပြီးလား"

"အင်း ကိုယ်ကြောင့်နိုးသွားတာလား ပြန်အိပ်နော်"

နောင်ခကိုပွေ့ချီလျက်ပင်ရှိုင်းကပြန်ပြောသည်။အနည်းငယ်အရက်နံ့တို့ရနေသောကြောင့်သောက်လာပုံရသည်။

"ရှိုင်းသောက်လာတာလား"

"နည်းနည်းလေးပါ ကိုယ့်ကမသောက်ပါဘူးပြောတာကိုသူတို့ကအတင်းတိုက်လို့"

ရှိုင်းကမူပိုင်ပါးချိုင့်လေးများပေါ်အောင်ပြုံးရင်းနောင်ခကိုကုတင်ပေါ်ချပေးလေသည်။

"ကိုယ်ရေချိုးလိုက်အုန်းမယ် ညီခလေးအိပ်နှင့်တော့နော်"

ရှိုင်းကနောင်ခနဖူးအားတစ်ချက်မွှေးကြူရင်းရေချိုးခန်းထဲဝင်သွားလေသည်။နောင်ခလည်းရှိုင်းအတွက်အဝတ်အစားတစ်စုံထုတ်ပေးထားရင်းထိုင်စောင့်နေလိုက်သည်။

နောင်ခနှင့်ရှိုင်းချစ်သူဖြစ်သည်မှာတစ်နှစ်တောင်ကျော်​နေပြီးဖြစ်သည်။နောင်ခကိုအစစအရာရာအရမ်းဂရုစိုက်ကာ၊မနာလိုစရာကောင်းအောင်ချစ်တတ်သောရှိုင်းကိုရရှိထားကြောင့်သောနောင်ခကိုမနာလိုသူများပင်ရှိလာရသည်။

နောင်ခအတွေးထဲနစ်နေစဉ်ရှိုင်းထွက်လာလေသည်။Bathrobe တစ်ထည်အားဝတ်ဆင်ထားကာခေါင်းလျှော်လာသောကြောင့်ဆံပင်များက အနည်းငယ်စိုစွတ်နေသည်။

ကုစားချစ် [Completed]Donde viven las historias. Descúbrelo ahora