"Sugar Baby "
(Ep-5)
"ရိုစီ ကိုသွားမယ်နော် အိမ်ကို ဂရုစိုက်ပေးဦး"
"ဟုတ် အကိုစိတ်ချပါ ရိုစီသေချာ ဂရုစိုက်လိုက်ပါ့မယ်
ဒါနဲ့ လိုအပ်တာပါရဲ့လား တော်ကြာမှ အိမ်ကို၁ခေါက်ပြန် ယူနေရဦးမယ်"
ဒီနေ့ ဦးနောင် အလုပ်ကိစ္စနဲ့ ချင်းမိုင်ကို ၁ပတ်လောက် ခရီးသွားမယ် ဖြစ်၍
ဒေါ်ရိုစီအိမ်ရှေ့ထိ လိုက်ပို့ပေးပြီး ၂ယောက်သား စကားပြောနေလေရဲ့
"ရိုစီ အကုန်စီစဥ်ပေးတာပဲ ပါမှာပါ ထပ်မစစ်တော့ဘူး"
"ဟုတိပါပြီးရှင့် အကိုနောက်ကျနေဦးမယ် သွားစရာရှိတာ သွားတော့လေ"
"ဟုတ်ပြီး ရိုစီသားနဲ့လဲ အဆင်ပြေအောင် နေဦးနော်"
ဦးနောင် ခရီးထွက်မည် ဖြစ်၍ သူချစ်ရသောဇနီးနဲ့ သားဖြစ်သူ အဆင်မပြေမှာ စိုး၍ ဒေါ်ရိုစီလက်မောင်းကို ပုတ်ကာ ပြောလိုက်သည်
"ဟုတ်ကဲ့ပါ ရိုစီသားနဲ့ အဆင်ပြေအောင် နေပါ့မယ် နောက်ပြီး အကိုဘာမှ
နောက်ဆံမတင်းနဲ့နော် သားနဲ့သမီးကို ရိုစီ သေချာဂရုစိုက်လိုက်ပါမယ်"
ဒေါ်ရိုစီလဲ သူကိုစိုးရိမ်စွာ ပြောနေတဲ့ ဦးနောင်ကို ပြုံးပြကာ ပြောလိုက်သည်
"အ့ဆို အကိုသွားတော့မယ်နော်
ကိုတိုးရေ အဆင့်သင့်ဖြစ်ပြီးလား"
ဦးနောင် ပြောပြောဆိုဆိုနဲ့ ကားသန့်ရှင်းရေး လုပ်နေတဲ့ ကိုတိုးကို အော်လိုက်သည်
"ဟုတ် ဖြစ်ပါပြီး ဆရာ"
" Aa အ့ဆိုသွားကြစို့"
ကိုတိုးလဲ ဦးနောင်အိတ်တွေကို ကားနောက်ဖုံးထည့်ကာ ကားထဲမှာ အဆင့်သင့်စောင့်နေလိုက်သည်
"ရိုစီ ကိုယ့်သွားပြီးနော်"
"ဟုတိအကို လမ်းခရီး ဖြောင့်ဖြူပါစေနော်"
ဒေါ်ရိုစီလဲ ဦးနောင်တို့ကားလေးကို မျက်စိအောက်က ပျောက်သွားမှ အိမ်ထဲ၀င်ခဲ့လိုက်သည်
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...