"Sugar Baby"
( Ep-18 )
"ဖီးယက်"
တမ့် ဖီးယက်ကို တွေ့တာကြောင့် ရပ်ထားတဲ့ ကားထဲကနေ ဆင်းကာခေါ်လိုက်သည်
"ဟင်းးး အကိုတမ့် P'Mewဆီ လာတာလား P´Mewက"
ဖီးယက်လဲ တမ့်ကိုတွေ့တော့ အသြသွားကာ Mewဆီလာတယ် အထင်နဲ့ Mewအကြောင်းတွေကို ပြောနေသည်
"နေပါဦး နေပါဦး ကိုယ့်က ဒီကိုမှာထားတဲ့ စာအုပ်တွေ လာပို့တာပါ"
သူမြင်တာနဲ့ စကားတွေ တရက်ဆက် ပြောနေတဲ့ ဖီးယက်ခေါင်းလေးကို အုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်
"aww ဒီကိုလာတာလား P´Mewဆီလာတယ် ထင်လို့"
ဖီးယက်လဲ သူဟာသူအတွေးလွန်ပြီး ပြောလိုက်တာကို ရှက်သလို ဖြစ်ပြီး မျက်နာကြီး အောက်စိုက်က ရှက်ပြုံးလေး ပြုံးလိုက်မိသည်
"အင်း ဒါနဲ့ ဖီးယက် အတန်းချိန်ပြီးပြီးလား"
"ဟုတ် ဘာဖြစ်လို့လဲ"
"ကိုယ့်တို့ တစ်ခုခုသွားစားရအောင် အချိန်ရတယ်မို့လား"
"ကျွန်တော် အလုပ်၀င်ရဦးမှာ"
"ဟုတ်သားပဲ အ့ဆို ကိုယ့်Mewဆီ ဖုန်းဆက်ပြီး ပြောလိုက်မယ်"
တမ့် သူအိတ်ကပ်ထဲက ဖုန်းထုတ်ပြီး Mewဆီ ဖုန်းဆက်မယ်အလုပ် ဖီးယက် တမ့်လက်ကို ကိုင်လိုက်ပြီး တားလိုက်သည် တမ့်လဲ ဖီးယက်လုပ်ရပ်ကြောင့် မျက်လုံး အ၀ိုင်းသားလေးဖြင့် ဖီးယက်ကို ကြည့်လိုက်မိသည်
"ကျွန်တော်ဘာသာ P´Noဆီ ဖုန်းဆက်ပြီး ပြောလိုက်မယ်"
တမ့်က သူကို မျက်လုံးအ၀ိုင်းသားနဲ့ ကြည့်နေတာကြောင့် လက် ကိုင်ထားတာကို ချက်ချင်းဖယ်လိုက်ပြီး ရှက်ရှက်နဲ့ သူလက်ထဲက ကိုင်ထားတဲ့ ဖုန်းကိုပြကာ ပြောလိုက်သည်
တမ့်လဲ ဖီးယက်ပုံစံလေး ကြည့်ပြီး သဘောကျတာကြောင့် ခပ်ရေးရေးလေး ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်
"Hello P´No ကျွန်တော် ဒီနေ့ အလုပ်လာတာနောက်ကျမယ် သွားစရာလေး ရှိလို့"
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...