"Sugar Baby"
( Ep-19 )
"P´Noနဲ့P´Mew"
ဖီးယက် ညနေခင်းပိုင်း ဆိုင်ပိတ်ချိန် ပန်ကန်တွေခွက်တွေ ဆေးကြောပြီးရေပြောင်အောင် ပု၀ါကိုယ်စီနဲ့ ခွက်တွေကို သန့်ရှင်းရေး လုပ်နေတဲ့ Mewနဲ့Noကို ၀င်ကာပြောစရာရှိ၍ ကြား၀င်ကာခေါ်လိုက်သည်
Mewနဲ့Noလဲ သူတို့နာမည်ခေါ်တော့ မှေးလေးငေါ့ကာ ဘာလဲဆိုတဲ့ ပုံစံလေး လုပ်ပြလိုက်သည်
"ကျွန်တော် P´Noနဲ့P´Mewကို ပြောစရာရှိလို့"
"ပြောစရာ ပြောလေ ဘာပြောမှာလဲ"
No ပြောစရာရှိတာကို အဆန်းအပြားလုပ်ပြီး ပြောနေတဲ့ ဖီးယက်ကို မျက်မှောင်လေး ကြုံကာ ပြောလိုက်သည်
"ဟို ဟိုလေ ကျွန် ကျွန်တော် ကျွန်တော်"
"Aiဖီးယက် မင်းဘာဖြစ်နေတာလဲ ပြောမှဖြင့် ပြောလေ"
ပြောစရာရှိတာကို ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောနေတဲ့ ဖီးယက်ခေါင်းကို ရိုက်လိုက်ပြီး အော်လိုက်သည် Mewကတော့ Noနဲ့ဖီးယက်ကို ကြည့်ပြီး ခေါင်းယမ်းက ရယ်လိုက်မိသည်
"P´Noက ကျွန်တော်ပြောမှာပါ ဒါပေမဲ့"
Noရိုက်လိုက်တဲ့ နေရာကိုလက်ကလေးဖြင့် ပွတ်ကာ မျက်နာငယ်လေးနဲ့ Noကိုကြည့်လိုက်သည်
"ဒါပေမဲ့ မနေနဲ့ ပြော"
"ဟို ကျွန်တော် ရည်းစားရနေပြီး Phi"
မျက်လုံးစုံမှိတ်ကာ လက်ကလေး၂ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အားကြိုးမာန်တက်ပြီး ပြောလိုက်သည် Noနဲ့Mewလဲ ဖီးယက် စကားကြောင့် ခနတာလောက် ဆွံအသွားသည်
ဒါပေမဲ့ Mewကတော့ ဖီးယက်စကားကို ကောင်းကောင်းနားလည်သွားပြီး ဖြစ်၍ ဖီးယက်ပခုံးလေးကို ပုတ်လိုက်မိသည် ဖီးယက်လဲ Mewကိုရှက်ပြုံးလေး ပြုံးပြလိုက်မိသည် ဘာမှမသိတဲ့Noကတော့ မျက်လုံးကလယ်ကလယ်နဲ့ ဖြစ်နေဆဲ
"ဟားးးးးး ဘာမှန်းလဲလို့ ဖီးယက်ရယ် မင်းရည်းစားရတာ ငါ့တို့ကို အထူးအဆန်းလုပ်ပြီး လာပြောနေတယ် ဟားးးးး"
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...