"Sugar Baby"
(Ep-9)
"ဗွမ် ဗွမ်"
"ဒေါ်ဦးရေ ကားဟွန်းတီးသံကြားတယ် အကိုတို့ပြန်လာတာလား မသိဘူး ခြံတံခါး သွားဖွင့်ပေးလိုက်ပါဦး"
ဒေါ်ဦးလဲ ဒေါ်ရိုစီ အသံကြောင့် မီးဖိုချောင် ဘက်က လုပ်လက်စ အလုပ်လေးထားကာ ခြံထဲဆင်းပြေးကာ ခြံတံခါး သွားဖွင့်ပေးလိုက်သည်
"အကို ပြန်လာပြီးလား အလုပ်ကအဆင်ပြေရဲ့လား"
ဒေါ်ရိုစီ ဦးနောင်လက်ထဲက အိတ်လေးတွေကို လှမ်းယူကာ ပြောလိုက်သည်
"ပြေပါတယ် "
ဦးနောင် ဧည့်ခန်းက ထိုင်ခုံမှာ ထိုင်လိုက်ပြီး ဒေါ်ဦး လာချပေးတဲ့ အအေးခွက်လေးကို သောက်ရင်း ပြောလိုက်သည်
"Por ပြနိလာပြီးလား"
"ဒီကိုလာပါဦး အချစ်ကလေး"
ည၀တ်အကျီလေးနဲ့ အိပ်မှုံစုတ်ဖွားဖြင့်မျက်လုံးလေး ပွတ်ပြီးထွက်လာတဲ့ Gu Guလေးကို လက်ပြကာ သူနားလာဖို့ ခေါ်လိုက်သည်
"အချစ်ကလေးက ခုမှနှိုးတာပေါ့ အိပ်ပုတ်ကြီးလိုက်တာ"
အိပ်ချင်းမူးတူးဖြင့် သူရင်ခွင်ထဲ လာထိုင်နေတဲ့ Gu Guလေး ပါး၂ဖတ်ကို တရှုံရှုံနမ်းကာ ပြောလိုက်သည်
"Gu Guက အစောကြီး နိုးတာပါနော် Maeက ပြန်အိပ်ခိုင်းလို့ အိပ်လိုက်တာ ခုမှနှိုးတာ ဟီးဟီး"
"ဟုတ်ပါပြီး ဟုတ်ပါပြီး နေဦး မျက်လုံးခန ပိတ်ထား လုံး၀ဖွင့်မကြည့်နဲ့နော်"
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...