"Sugar Baby"
( Final Ep Part -2 )
"Mew ပင်လယ်ဘက် လမ်းလျှောက်ထွက်မယ်လေ"
ကုတင်ပေါ် ၀မ်းလျမှောက်ကာ ဖုန်းနိပ်နေတဲ့ Mewကို Gulf သူ၀တ်ထားတဲ့ အ၀တ်အစားတွေ ပြင်ရင်း ပြောလိုက်သည်
"နေဦး ဒီပုံစံနဲ့ သွားမလို့လား"
Mew Gulfအပြောကြောင့် အမြန်ထလိုက်ကာ သူကိုကျောပေးပြီး ပြင်ဆင်နေတဲ့ Gulf ၀တ်စားထားတာကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီး မျက်မှောင်ကြုတ်ကြီးဖြင့် မေးလိုက်သည်
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ Mew"
သူကို Mewက မျက်မှောင် ကြုတ်ကြီးနဲ့ ကြညိ့နေသဖြင့် သူ၀တ်ထားတာ ၁ခုခုမှားယွင်းနေသလား ပြန်ကြည့်ကာ ပြောလိုက်သည်
"ဘာဖြစ်ရမှာလဲ ဘောင်းဘီက တိုလွန်းတယ် မထင်ဘူးလား အကျီကိုလဲ ကြည့်ဦး လက်ပြတ်ဖြစ်ယုံမကဘူး လက်အပေါက်က ကျယ်ပြီး ဘေးကကြည့်ရင်း ရင်ဘတ်တောင် မြင်ရတယ်"
Mew Gulf၀တ်ထားတဲ့ အ၀တ်အစားတွေကို ကိုင်ကာပြောရင်း အလိုမကျသလိုနဲ့ သက်ပြင်းလေး ချလိုက်သည်
"ဘာဖြစ်လဲ ပင်လယ်ရောက်တုန်း ၀တ်တာပဲ ကိုအ့မယ် ကျွန်တောိပြောနေတယ် Mewကိုယ် Mewလဲ ပြန်ကြည့်ဦး
ဘောင်းဘီက တိုလွန်းလို့ Boxer ၀တ်ထားသလား အောင့်မေ့ရတာ အာ့အာ့ အကျီကိုလဲကြည့်ဦး လက်ပြတ်ကို ကျွန်တော်မသိအောင် အပေါ်ကနေ အကျီ၁ထည် ထပ်၀တ်ထားတယ် "
Gulf သူကို အလိုမကျသလို ပြောနေတဲ့ Mewကို ပြန်ကြည့်ပြီး Mew၀တ်ထားတာများကို သူကိုပြောသကဲ့သို့ သူလဲပြန်လည်ချေပက နှာခေါင်းလေး ရှုံကာရှုံကာ ဖြင့်မျက်စောင်းထိုးကာ ပြောလိုက်သည်
Gulf ပြောလဲပြောချင်စရာပင် သူ၀တ်ထားတဲ့ ဘောင်းဘီက Gulf၀တ်ထားထက် တိုနေသည် Gulfက သူဒူးလုံးဖွေးဖွေးလေးကို မပေါ်အောင် ဖုံးထားသေး
Mewကတော့ ဒူးပေါ်ယုံတင်မဟုတ်ဘူး ပေါင်၁၀က်ထိ အသာပေးထားသလားအောင့်မေ့ရတယ် ဘောင်းဘီက တိုလွနိးသည် Gulfပြောသလို သူလက်ပြတ်၀တ်ထားတာ သိမှာ စိုး၍ အပေါ်ကနေ ရှပ်လေးထပ်၀တ်ထားပါတယ်ဆိုမှ Gulfက မြင်ဖြစ်အောင် မြင်သွားသေးသည်
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...