"Sugar Baby"
( Ep-29 )
"Mew"
Gulf စောင်ပုံထဲကနေ ခေါင်းလေးထောင်က မျက်လုံးလေး ပွတ်သပ်ရင်း ကုတင်ခြေရင်းမှာ အလုပ်ရှုတ်နေတဲ့ Mewကို အိပ်ချင်းမူးတူး အသံလေးဖြင့် ခေါ်လိုက်သည်
"Baby နှိုးပြီးလား"
Mewလဲ သူခေါ်သံကြား၍ နောက်လှည့်ကြည့်ကာ လုပ်နေတာလေး ရပ်လိုက်ကာ Gulfရဲ့ဘေးနားလေးကို လျှောက်သွားကာ ၀င်ထိုင်လိုက်သည်
"Mewက အစောကြီး ရုံးသွားတော့မလို့လား"
Mewက ရုံးသွားရန် ပြင်ဆင်၀တ်ထားသဖြင့် ဘေးနား၀င်ထိုင်လာသော Mewခါးလေးကို ဖတ်လိုက်ပြီး နှုတ်ခမ်းလေး ထော်ကာ ပြောလိုက်သည်
"မဟုတ်ပါဘူး ကိုချင်းမိုင်ကို အစည်းအဝေး သွားစရာရှိတယ်"
"ဟုတ်လား ကျွန်တော်ကိုလဲ မပြောဘူး"
"ဟုတ်တယ် ညကBaby အိပ်ပျော်နေတုန်း Noက ဖုန်းဆက်တာ ကိုလဲအ့ကြောင့် အစောကြီး ပြင်ဆင်နေတာ"
Mew သူတို့နဲ့မျက်စောင်း ထိုးက စားပွဲပေါ်တွင် မနက်စာတွေ ပြင်ဆင်ထားကြောင်း မျက်စပစ်ပြကာ ပြောလိုက်သည် Gulf သူလူကြီးပြတာကို ကြည့်ပြီး ပြုံးလိုက်မိသည်
"Baby ထတော့နော် ကိုယ်သွားတော့မယ် ချင်းမိုင်ထိသွားရမှာဆိုတော့ ညပြန်တာနောက်ကျမယ်
ပြီးတော့ကိုယ့် ကုမ္ပဏီမှာ မရှိဘူးဆိုတော့ အလုပ်ကိုသေချာအာရုံစိုက်လုပ်နော် ကြားလား"
"ဟုတ်ကဲ့ပါဗျာ သွားရမယ်ဆို သွားတော့လေ တော်ကြာ ဟိုရောက်တာ နောက်ကျနေဦးမယ်"
"အ့ဆို ကိုယ့်သွားပြီး baby မနက်စာတွေ ကုန်အောင်စားသွားနော် မွ"
Mew Gulfပါးပြင်လေးကို နမ်းလိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ သူအိတ်ကလေးကို ယူကာလက်ပြပြီး ထွက်သွားသည်
"Mew ကားကို ဖြေးဖြေးမောင်းနော်"
Gulf တံခါးနားရောက်တော့မှာ ကုတင်ပေါ်ကနေ အော်ကာပြောလိုက်သည် Mewလဲ Gulfပြောတာကို ကြားပြီးခေါင်းညိမ့်ပြကာ ထွက်သွားတော့သည်
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...