"Sugar Baby"
( Ep-15 )
"Hello "G" ကိုယ်တနေ့ကုန် ဖုန်းဆက်နေတာ ဘာလို့မကိုင်တာလဲ Messgeတွေလဲ ပို့ထားတယ်လေ ကိုယ့်စိတ်ပူနေတာ မင်းမသိဘူးလား"
"Mew ကျွန်တော် အိမ်ရှေ့ရောက်နေတယ်"
Mewဘက်က စိတ်ပူကြောင်း ပြောနေပေမဲ့ Gulfက စကား၁ခွန်းသာ ပြောပြီး ဖုန်းချသွားတာကြောင့်
Mew မျက်မှောင်လေး ကြုံကာ အသံမဲ့သွားတဲ့ ဖုန်းလေးကိုကြည့်လိုက်မိသည် ပြီးမှ Mewသူအခန်းပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ Gulfတကယ်ပဲ အိမ်ရှေ့ရောက်နေတာကြောင့်
ဖုန်းလေးကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ အပြေးအလွှားအောက်ကို ဆင်းသွားလိုက်သည်
"ဟဲ့ သားဒါကဘယ်တုန်း"
ဒေါ်ခမ်း ဘုရားကန်တော့ပြီး အိပ်ယာ၀င်ဖို့ အခန်းထဲ၀င်မလို့ရှိသေး Mewက အပြေးအလွှားဆင်းလာ၍ မေးလိုက်သည်
"G" ခြံရှေ့ရောက်နေလို့ သွားတွေ့မလို့ Mae"
"aww အိမ်ထဲခေါ်ခဲ့လိုက်လေသား"
"ဟုတ် Mae အ့ဆိုသားသွားတော့မယ် Maeအိပ်ချင်ရင်း အိပ်နင့်လိုက်နော်"
"အင်းအင်း"
ဒေါ်ခမ်း ခေါင်းလေးညိမ့်ပြလိုက်တော့ Mew အပြေးအလွှားလေး ထွက်သွားသည် ဒေါ်ခမ်းလဲ ပထမကအိပ်ယာ၀င်မလို့ပဲ ခုတော့မ၀င်သေးပဲ ခြံနဲ့မျက်နာချင်းဆိုင် ခုံရှည်လေး၀င်ထိုင်လိုက်သည်
"G"
ကားလေးကို ခပ်လျော့လျော့လေး မှီကာရပ်နေတဲ့ Gulfဆီကို အပြေးလေးသွားကာ လွမ်းဆွတ်ခြင်းများကို နစ်မြှပ်ပြီး အားရပါးရဖတ်လိုက်သည်
YOU ARE READING
"Sugar Baby" (Complete)
Fanfiction"Sugar Baby" (intro) #Mew Suppasit "မင်းလို ချမ်းသာပြီး အရာရာတိုင်းကို ငွေနဲ့၀ယ်ပြီး ဖြေရှင်းတက်တဲ့ လူတွေကို မုန်းတယ် ထွက်သွားပါ ငါနဲ့အဝေးဆုံးကို မင်းလိုချင်တဲ့ အချစ်တွေ မေတ္တာတွေကို ငါဆီကရမယ် မထင်နဲ့ ငါဆီက အမုန်းတွေပဲ...